လက်အသားအရေ ကြမ်းတမ်းတာမျိုးမဖြစ်ရအောင် Hand Cream ပုံမှန်လိမ်းပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ တကယ်လို့ ကိုယ့်လက်အသားအရေက ကြမ်းတမ်းတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ လက်အသားအရေ နူးညံ့လာစေဖို့ကူညီပေးမယ့် ဒီ Hand Mask လုပ်နည်းလေးတွေကို Try ကြည့်ပါ။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရုံနဲ့ လက်အသားအရေ ကြမ်းတမ်းခြောက်သွေ့တာ သက်သာပြီး နူးညံ့လာမှာပါ။
ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့နေကြာဆီ
ရှားစောင်းလက်ပတ်ဂျယ်လ် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နဲ့နေကြာဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းကိုရောပြီး မီးဖိုပေါ်တင်ပြီးတော့ပဲဖြစ်ဖြစ် Microwave ထဲ ထည့်ပြီးတော့ပဲဖြစ်ဖြစ် နွေးလာအောင် လုပ်ပေးပါ။ ပြီးရင် အပြင်ထုတ်ပြီး နွေးနွေးလေးဖြစ်နေချိန်မှာ လက်ကို လိမ်းပေးပါ။ လက်ဖမိုး၊ လက်ဖဝါး သေချာနှံ့အောင် လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။
အာလူးနဲ့နွားနို့
အာလူးကိုပြုပြီး ထောင်းပေးပါ။ ပြီးရင် နွားနို့နဲ့ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင်တော့ လက်မှာလိမ်းထားပြီး ၁၅ မိနစ်လောက်ထားပေးပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်လို့ရပါပြီ။
ခရမ်းချည်သီးနဲ့သခွားသီး
ခရမ်းချဉ်သီးနဲ့ သခွားသီးကို နည်းနည်းစီကြိတ်ပြီး အရည်ရအောင် ညှစ်ချပါ။ ပြီးရင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာစီ ယူပြီးတော့ ရောလိုက်ပါ။ ရောထားတာကိုမှ ဂွမ်းလုံးလေးနဲ့တို့ယူပြီး လက်ဖမိုးနဲ့ လက်ဖဝါးကို သေချာပွတ်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း လက်အသားအရေ နူးညံ့လာစေဖို့ ကူညီပေးပါတယ်။
Almond Oil နဲ့ Coconut Oil
Almond Oil နဲ့ Coconut Oil ကို ဆတူရောပြီး လက်ဖမိုးနဲ့ လက်ဖဝါးအနှံ့ သေချာလိမ်းပြီး Massage လုပ် နှိပ်နယ်ပေးပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်တစ်ခါမဟုတ်ပဲ ညအိပ်ယာဝင်ခါနီးတိုင်းမှာ လုပ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။
ကြက်ဥအခွံ
ကြက်ဥကြော်တဲ့အခါမှာပဲဖြစ်ဖြစ် ကြက်ဥအခွံတွေကို လွှင့်မပစ်ပဲသိမ်းထားပြီး အဲ့ဒီကြက်ဥအခွံတွေကို ကြေညက်အောင် ကြိတ်ပေးပါ။ ကြိတ်ပြီးရင် ရေနည်းနည်းနဲ့ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးမှ လက်မှာပွတ်ပေးပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ရုံပါပဲ။