ဆံသားက အရမ်းရှုပ်ထွေးပြီး ရှင်းရခက်နေရင် ဘီးနဲ့ ကြမ်းကြမ်းတမ်းတမ်း ဖြီးချတာမျိုး၊ စိတ်မရှည်ပဲ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ့်ဆံသားပဲ ပျက်စီးပြီးနာစေပါတယ်။ ဒါကြောင့် ဆံသားအရမ်းရှုပ်ထွေးပြီး ရှင်းရခက်တဲ့သူတွေအတွက် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

Conditioner သုံးပါ

ကိုယ့်ဆံသားက အရမ်းရှုပ်ထွေးပြီး ငြိလွယ်တယ်၊ ရှင်းရခက်တယ်ဆိုရင် ခေါင်းလျှော်တိုင်းမှာ Conditoner သုံးပေးပါ။ ဦးရေပြားနဲ့ တစ်လက်မခွာပြီး သုံးပေးပါ။ Conditioner သုံးပေးရင် ဆံသားပျော့ပြောင်းပြီး ရှင်းရလွယ်ကူစေတယ်၊ ရှုပ်ထွေးတာတွေလည်း သက်သာစေပါတယ်။

Detangling Spray သုံးပါ

ကိုယ့်ဆံသားက အရမ်းရှုပ်ထွေးပြီး ငြိလွယ်တယ်၊ ရှင်းရခက်တယ်ဆိုရင် Detangling Spray ဝယ်ထားသင့်ပါတယ်။ သွားရင်းလာရင်းနဲ့ပဲဖြစ်ဖြစ်၊ ရုတ်တရက်ပဲဖြစ်ဖြစ် ဆံပင်တွေ အရမ်းရှုပ်ထွေးလာရင် Detangling Spray နဲ့ဖြန်းပြီး ဆံပင်ဖြီးလိုက်ရင် အဆင်ပြေပြေနဲ့ ဆံသားနာကျင်မှုမရှိပဲ ရှင်းလို့ရသွားပါတယ်။

ဘီးကြဲနဲ့ဖြီးပါ

ဆံပင်အမြဲရှုပ်ထွေးတတ်ရင် ဘီးကြဲနဲ့ပဲဖြီးပါ။ ဘီးစိတ်လုံးဝမသုံးပါနဲ့။ ဘီးကြဲနဲ့ ဖြေးဖြေးချင်းစီ ရှင်းပြီးတော့ စိတ်ရှည်ရှည်နဲ့ ဖြီးပေးပါ။

Hair Mask သုံးပါ

ဆံသားခြောက်သွေ့ရင် ဆံသားရှုပ်ထွေးတာတွေက ပိုပြီးဖြစ်ပါတယ်။ နည်းနည်းလေးရှုပ်တာနဲ့ ရှင်းရခက်တယ်၊ ငြိလွယ်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ကြိမ် ပုံမှန် Hair Mask သုံးပေးပါ။ Hair Mask သုံးပေးတာက ဆံသားကျန်းမာပြီး လှပစေတယ်၊ ဆံသားနူးညံ့ပျော့ပြောင်းပြီး သိပ်သိပ်လေး ဖြစ်စေတယ်၊ ဆံသားပျက်စီးတာတွေ သက်သာစေပါတယ်။ ဒါကြောင့် ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေလည်း သက်သာစေပါတယ်။

Oil Massage လုပ်ပါ

အချိန်ရရင် တစ်ပတ်တစ်ခါ (သို့) နှစ်ပတ်တစ်ခါလောက် Oil Massage လုပ်ပေးပါ။ ဆံသားခြောက်သွေ့တာ၊ ဦးရေပြားခြောက်သွေ့တာတွေ သက်သာစေပြီး ဆံသားကျန်းမာစေတယ်၊ ဆံသားနူးညံ့ပြီး လိုအပ်တဲ့ Hydrated ကိုလည်း ရစေပါတယ်။ ဒါကြောင့် ကိုယ့်ဆံသားက အရမ်းရှုပ်ထွေးတယ်ဆိုရင် လုပ်ကြည့်သင့်ပါတယ်။