ရုပ်ရှင်တွေကို ပရိသတ်တွေ ရှေ့မှောက်မချပြခင် အကြိမ်ကြိမ် တည်ဖြတ်မှုတွေ လုပ်ရပါတယ်။ ရုပ်ရှင်လုပ်သားတွေ ကင်မရာထဲဝင်လာတာ၊ ပစ္စည်းတွေအထားမှားတာ နဲ့ မပါသင့်တဲ့ ပစ္စည်းတွေပါသွားတာ စသဖြင့် အလွဲတွေ အများကြီးဖြစ်တတ်တာကြောင့် ထုတ်လုပ်သူတွေဟာ သေချာဂရုတစိုက် တည်ဖြတ်မှုတွေ လုပ်ကြရတယ်။ဒါပေမဲ့ ဘယ်လောက်ပဲ ဂရုတစိုက် လုပ်ပေမယ့် အမှားလေးတွေတော့ ပါသွားကြတာပါပဲ။ ဒီနေ့ နာမည်ကျော် ရုပ်ရှင်တွေမှာ မထင်မှတ်ပဲ ပါသွားတဲ့ အလွဲလေးတွေကို ဖော်ပြပေးသွားမှာပါ။

၁။ Merlin

ဒါက Merlin တီဗီစီးရီးရဲ့ အပိုင်းတပိုင်းပါ။ သေချာ အနီးကပ်ဆွဲကြည့်လိုက်တဲ့အခါမှာ ဒီနေ့ခေတ် ရေသန့်ဘူးတဘူးကို Sir Leon ဘေးမှာထားထားတာကို တွေ့ရပါလိမ့်မယ်။ တည်ဖြတ်တဲ့သူတွေက ဒါကိုသတိမထားမိကြတာလား ပရိသတ်တွေ မသိနိုင်ပါဘူးဆိုပြီး ကျော်သွားတာလား။

၂။ Harry Potter and the Chamber of Secrets

Harry Potter and the Chamber of Secrets ဇာတ်ကားထဲမှာ Professor Snape က Malfoy ကိုဆွဲထူတဲ့ အခန်းတခန်းပါပါတယ်။ သေချာကြည့်မယ်ဆိုရင် ပုံရဲ့ဘယ်ဖက်ခြမ်းမှာ ကင်မရာကိုင်ထားတဲ့ လူတယောက်ကိုတွေ့နိုင်ပါတယ်။ သေချာတာကတော့ သူဟာ Hogwarts ကျောင်းသားတယောက်တော့မဟုတ်ဘူးဆိုတာပါပဲ။

၃။ Gladiator

ရောမခေတ်တွေတုန်းက ဂတ်စ်အိုးတွေ မပေါ်သေးတာ ပရိသတ်တွေ သိမှာပါ။  ဒါပေမဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Gladiator ဇာတ်ကားထဲမှာ အခုလိုမျိုးဂတ်စ်အိုးကို ထင်ထင်ရှားရှားမြင်ခဲ့ရပါတယ်။ရုပ်ရှင်တည်းဖြတ်တဲ့သူတွေ မမြင်လိုက်တာနေမယ်။

၄။ The Matrix

The Matrix ဇာတ်ကားထဲမှာ Neo နဲ့ Morpheus တို့နှစ်ယောက် Oracle အိမ်ခန်းထဲ ဝင်တဲ့အခန်းကို မှတ်မိကြမယ်ထင်တယ်။ အဲ့ခန်းမှာ ကင်မရာက တံခါးလက်ကိုင်ဘု ကိုရိုက်ပြထားပါတယ်။ အဲ့ဒီမှာ သေချာကြည့်ရင် camera lens ကိုအထင်သားမြင်ရပါမယ်။

၅။ Titanic

Titanic ဇာတ်ကားထဲမှာ Rose က သူရဲ့ချစ်သူ Jack ကိုကယ်ဖို့ emergency အတွက်အသုံးပြုဖို့ထားထားတဲ့ ပုဆိန်ကို ယူဖို့ မှန်ကိုခွဲခဲ့ပါတယ်။ မှန်ကိုခွဲလိုက်တဲ့ အချိန်မှာ မှန်တွေအကုန်ပြုတ်ကျကုန်တာကို ပုံထဲကအတိုင်းမြင်ရနိုင်ပါတယ်။

ဒါပေမဲ့ Rose ကပုဆိန်ကိုယူဖို့ လက်လှမ်းလိုက်တဲ့အချိန်မှာတော့ တချို့မှန်တွေက ပုံထဲကအတိုင်းပြန်ပြည့်လာတာကို တွေ့နိုင်ပါတယ်။ ဒါကကမ္ဘာကျော်ရုပ်ရှင်တကားရဲ့ မဖြစ်သင့်တဲ့ အမှားသေးသေးလေးတခုပါ။

၆။ Terminator 3: Rise of the Machines

Terminator 3: Rise of the Machines ဇာတ်ကားထဲမှာ John နဲ့ Catherine တို့ N3035C လို့အမည်ရတဲ့ လေယာဉ်စီးသွားတာကို တွေ့ရပါမယ်။ ဒါပေမဲ့ လေယာဉ် လေထဲရောက်သွားတဲပအချိန်မှာတော့ ထူးဆန်းစွာပဲ N3973F ဆိုပြီး နာမည်ပြောင်းသွားတာကို ပုံပါအတိုင်းတွေ့နိုင်ပါတယ်။

၇။ Django Unchained

ဒီဇာက်ကားရဲ့ တချို့အခန်းတွေမှာ Django အဖြစ်သရုပ်ဆောင်ထားတဲ့ Jamie Foxx (ဂျေမီ ဖော့စ်) ဟာ ယနေ့ထက်ထိ ခေတ်စားနေတဲ့ နေကာမျက်မှန်ကြီးကို ဝတ်ထားတာတွေ့ရပါတယ်။ဒါပေမဲ့ ပြသာနာက ဘာလဲဆိုတော့ ပထမဆုံးနေကာမျက်မှန်ကို ၁၉၂၉ မှာစရောင်းခဲ့တာဖြစ်ပြီး Django Unchained ကားကိုတော့ ၁၈၅၈ ခုနှစ်ကို အခြေခံရိုက်ကူးထားတာပါ။ ၁၈၅၈ ခုနှစ်မှာ နေကာမျက်မှန်တွေ မရှိသေးပါဘူး။ ကြည့်ရတာ Jamie Foxx အချိန်ခရီးသွားပြီး မျက်မှန်သွားဝယ်ခဲ့တာနေမယ်။

Source: Bright Side