အခုနောက်ပိုင်းမှာ မိန်းကလေးတော်တော်များများက မိတ်ကပ်တွေကိုလိမ်းခြယ်ပြီး လှလှပပလေးပြင်ဆင်ပြီး နေထိုင်လာတတ်ကြပါတယ်။ မိတ်ကပ်ပြင်ဆင်တာက ပိုပြီးကြည့်လို့ကောင်းသွားစေတယ်ဆိုပေမယ့် အမြဲတမ်းလိုလိုပြင်ဆင်နေရတော့ အသားအရေအတွက် ပြဿနာအနည်းငယ်တော့ ရှိလာတတ်ပါတယ်။ အခုတစ်ခါမှာတော့ မိတ်ကပ်တွေကို မပြင်ဆင်တော့ပဲနေမယ်ဆိုရင် အသားအရေမှာဖြစ်ပေါ်လာမယ့် အရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ချွေးပေါက်တွေကိုကျဉ်းလာစေပါတယ်

မိတ်ကပ် Foundation တွေကိုလိမ်းတာက မျက်နှာအသားအရေမှာရှိနေတဲ့ အပြစ်နာဆာတွေကို ဖုံးကွယ်သွားစေနိုင်မှာပဲဖြစ်ပါတယ်။ မိတ်ကပ်တွေကိုနေ့တိုင်းလိမ်းနေမယ်ဆိုရင် မျက်နှာအသားအရေမှာရှိနေတဲ့ ချွေးပေါက်တွေပိတ်ဆို့မှုတွေဖြစ်လာစေနိုင်ပါတယ်။  မိတ်ကပ်ကိုအမြဲတမ်းမလိမ်းပဲနေလိုက်မယ်ဆိုရင် မျက်နှာအသားအရေအတွက် ကောင်းကောင်းအသက်ရှုနိုင်သလိုဖြစ်ပြီး အသားအရေကိုလည်း ပိုပြီးတော့ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

ဝက်ခြံထွက်တာတွေကို လျော့နည်းလာစေမယ်

မျက်နှာမှာ မိတ်ကပ်လိမ်းထားတာတွေလည်းမရှိတာကြောင့် မျက်နှာအသားအရေအတွက်ပိုကောင်းပြီး ဓာတ်မတည့်တာတွေကိုလည်း မဖြစ်စေနိုင်တော့တာကြောင့် ဝက်ခြံထွက်တာတွေကိုလည်း လျော့နည်းလာစေမှာပဲဖြစ်ပါတယ်။ မိတ်ကပ်အမြဲလိမ်းနေပြီး မိတ်ကပ်ကိုသေချာမဖျက်ပေးရင်လည်း ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေဖြစ်တတ်တယ်ဆိုတော့ မိတ်ကပ်မလိမ်းတော့တဲ့အခါမှာ ဒီပြဿနာတွေကင်းဝေးသွားစေတာပေါ့။

အသားအရေခြောက်သွေ့တာတွေ ကင်းဝေးစေမယ်

မိတ်ကပ်တွေပြင်ဆင်နေတဲ့ အချိန်မှာတော့ မိန်းကလေးတော်တော်များများက မပျင်းရိပဲပြင်ဆင်တတ်ပေမယ့် မိတ်ကပ်တွေဖျက်ဖို့အတွက်ကိုတော့ ပျင်းနေတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ မိတ်ကပ်တွေကိုမဖျက်ပဲ အိပ်မိလိုက်ရင် မျက်နှာမှာရှိနေတဲ့ဆဲလ်အသစ်တွေကို ဖျက်စီးမိစေပြီး အသားအရေကို ခြောက်သွေ့ကြမ်းတမ်းတာတွေ ဖြစ်လာစေနိုင်ပါတယ်။

အရေးအကြောင်းဖြစ်တာတွေကို လျော့နည်းလာစေပါတယ်

မိတ်ကပ်တွေကိုနေ့တိုင်းလိမ်းခြယ်တဲ့အခါမှာ မျက်နှာအသားအရေမှာ ပျက်စီးပြီးအရေးအကြောင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ မိတ်ကပ်တွေကို အမြဲမလိမ်းတော့ပဲ တစ်ခါတစ်လေမှာလိမ်းပေးတာမျိုးတွေက သင့်အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပြီး အသားအရေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

မိတ်ကပ်ဆိုတာ လိမ်းလိုက်ရင်ယုံကြည်မှုရှိပြီး လှပသွားစေပေမယ့် အမြဲတမ်းလိမ်းနေတဲ့အခါမျိုးတွေမှာတော့ အသားအရေပျက်စီးမှုတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမလိမ်းပဲနေကြည့်တာမျိုးတွေဆိုရင် အသားအရေအတွက်အကျိုးကျေးဇူးတွေ အများကြီးရှိနေမှာကို တွေ့ရမှာပဲဖြစ်ပါတယ်နော်။