ဆံပင်စတိုင်နဲ့ပတ်သက်ရင် တောင်ကိုးရီးယားက အနုပညာရှင်တွေက Update ဖြစ်တာကို Kpop Fan တိုင်း သိကြမှာပါ။ Comeback တစ်ခုနဲ့ တစ်ခု မတူညီစွာ ဆံပင်အရောင် ပြောင်းတာ၊ လုံးဝ Glow Up ဖြစ်လာတဲ့ Kpop Idol တွေကို Kpopper လေးတွေ အားကျကြမှာပါ။ သူတို့ရဲ့ ဆံပင်အရောင် ပြောင်းသလိုပဲ စည်းတဲ့ ဆံပင်ပုံစံတွေကလည်း အမြဲတမ်း ဆန်းသစ်နေတတ်ပြီး ချစ်ဖို့ ကောင်းလှပါတယ်။ ဒီတစ်ခေါက်မှာတော့ ပို Cute ချင်တဲ့ ကောင်မလေးတွေအတွက် Kpop Idol တွေရဲ့ ဆံပင်စတိုင်တွေလို စည်းနိုင်ဖို့ ချစ်ဖို့အကောင်းဆုံး ဆံပင်စတိုင်တွေကို ဖော်ပြလိုက်ပါတယ်။

Oh My Girl အဖွဲ့ထဲက Arin ရဲ့ ဆံပင်အကောက် စတိုင်လေးက ချစ်ဖို့ကောင်းပြီး တစ်ဝက်စည်းလေး ဖြစ်တာကြောင့် ပျိုမေအားလုံးနီးပါး အလွယ်တကူ လိုက်စည်းနိုင်မှာပါ။

လူငယ် Kpopper ကောင်မလေးတွေ လိုက်စည်းနိုင်မယ့် ဆံပင်စတိုင်ကတော့ New Jeans ထဲက Hyein ရဲ့ ဆံပင်စတိုင်ပါ။ ရောင်စုံ ခေါင်းစည်းကြိုးလေးတွေနဲ့ ကျစ်ဆံမြီးကျစ်ထားကာ Mermaid စတိုင် ကောက်ထားတာပါ။

သီချင်းတွေက အမြဲ Creative ဖြစ်နေတတ်တဲ့ (G)I-dle အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Yuqi ရဲ့ ကျစ်ဆံမြီးစတိုင်လေးကလည်း ချစ်ဖို့ကောင်းပါတယ်။ Yuqi က ကျစ်ဆံမြီးနှစ်ဘက် ကျစ်ထားပြီး အမြင့်လေး ကျစ်ထားတာပါ။

Jennie ရဲ့ ထူးခြားတဲ့ ကျစ်ဆံမြီးစတိုင်ကလည်း စည်းတတ်မယ်ဆိုရင် တော်တော်ကို လှပြီး ချစ်ဖို့ကောင်းတဲ့ စတိုင် ဖြစ်ပါတယ်။

အလှဘုရင်မလေး ဖြစ်တဲ့ Ive အဖွဲ့ဝင် Wonyoung က ဆံပင်ရှည်ကိို ကျစ်ဆံမြီး ကျစ်ထားကာ ဘီးကုတ်ပုံစံလေး အပေါ်မှာ ပြန်ပတ်ထားပါတယ်။

ရှေ့ဆံပင်ကို တစ်လှည့်စီယူပြီး ကျစ်သွားရတဲ့ ကျစ်ဆံမြီးစတိုင်လေးက မျက်နှာပိုသွယ်တယ်ထင်ရစေပြီး ချစ်ဖို့ကောင်းပါတယ်။ ချစ်ဖို့ကောင်းတာကို Blackpink အဖွဲ့ဝင် Rosé ကို မြင်ရုံနဲ့ သိနိုင်မှာပါ။

Dreamcatcher အဖွဲ့ရဲ့ Rapper, Maknae တစ်ဦးဖြစ်တဲ့ Gahyeon က ဆံပင်အနီလေးမှာ ကလစ်အရောင်မျိုးစုံဝတ်ပြီး Creative ဖြစ်သလို ချစ်ဖို့ကောင်းပါတယ်။ ဆံပင်အရောင်ဆိုးထားတဲ့ Kpopper ကောင်မလေးတွေ Try ကြည့်သင့်တဲ့ စတိုင်ပါ။

New Jeans အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Hanni လို ဆံပင်အဖြောင့်လေး ပိုင်ဆိုင်တဲ့ Kpopper လေးတွေက ဆံပင်အဖောင်းလေး ကျစ်ကြည့်နိုင်ပါတယ်။

ကျစ်ဆံမြီးသေးသေးလေးတွေ နှစ်သက်ရင်တော့ (G)I-dle အဖွဲ့ဝင် Minnie လို စည်းကြည့်သင့်ပါတယ်။

ဆံပင်စည်းဖို့ အချိန်သိပ်မပေးနိုင်တဲ့ Kpopper လေးတွေအနေနဲ့ Itzy အဖွဲ့ဝင် Lia လို ကလစ်နှစ်ခုနဲ့ ဆံပင်စည်းနိုင်ပါတယ်။

Gfriend အဖွဲ့ဝင် Yuju ရဲ့ ကျစ်ဆံမြီးစတိုင်ကလည်း ချစ်ဖို့ကောင်းပြီး Try ကြည့်သင့်တဲ့ စတိုင်ပါ။

ဆံပင်ပုံစံအမျိုးမျိုး ပြောင်းလဲတတ်တဲ့ Itzy အဖွဲ့ဝင် Ryujin ရဲ့ ချစ်ဖို့ကောင်းတဲ့ ဆံပင်ပုံစံလေးကို စည်းကြည့်မယ်ဆိုရင် နောင်တရမှာ မဟုတ်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar