မင်္ဂလာပါ…. ပျိုမဒီတို့ရေ….. မျက်မှန်က စတိုင်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ထင်နေလား ? ဒါမှမဟုတ် ခုဆံပင်ပုံစံကို မကြိုက်ဘူးဖြစ်နေလား ? တကယ်တော့ မျက်မှန်က သင့်ရဲ့စတိုင်ကို အနှောင့်အယှက် ဖြစ်စေလား ?

တကယ်တော့ မျက်မှန်ဆိုတာ ဖက်ရှင်တစ်ခုအနေနဲ့လည်း သုံးလို့ရပါသေးတယ်နော်။ မျက်မှန်တပ်တာက အရမ်းမိုက်တဲ့အတွက် မလိုအပ်တဲ့သူတွေတောင် ဖက်ရှင်တစ်ခုအနေနဲ့ စတင်ဝတ်ဆင်လာကြပါတယ်။ ဒါကြောင့် မျက်မှန်တပ်ရတဲ့လူတွေအတွက် အလှဆုံးဖြစ်စေဖို့ ဘယ်လိုပုံစံတွေကို ရွေးသင့်လည်းဆိုတာ ဖော်ပြလိုက်ပါတယ်နော်။

Long Hair With Blunt Bangs

မျက်မှန်တပ်ရသူတွေအတွက် Blunt bangs က ခေတ်ဆန်ပြီး ကျော့မော့နေတဲ့ မိန်းကလေးအသွင် ပေါ်စေပါတယ်။

Slicked-Back Pixie Cut

မျက်မှန်တပ်ရပေမယ့် ဆံပင်အတိုဘဲထားချင်တယ်ဆိုရင်တော့ pixie ညှပ်ပါ။

Low Ponytail

ရိုးရှင်းပေမယ့် စတိုင်ကျတဲ့ပုံစံလေး လိုချင်တယ်ဆိုရင်တော့ Ponytail အနိမ့်လေးစည်းလိုက်ပါ။ အိမ်ကနေ အလုပ်လုပ်တဲ့အခါမှာလည်း  မျက်မှန်နဲ့လည်းစတိုင်မပျက်စေဖို့  လိုက်ဖက်တဲ့ ဆံပင်ပုံစံတစ်ခုပါပဲ။

Top Bun

ရှုပ်ရှုပ်ပွပွ Bun လေးကလည်း မျက်မှန်နဲ့ထူးခြားတဲ့ Look လေးဖြစ်စေမှာ အမှန်ပါ။

Wavy Lob

ဆံပင်တိုတိုမညှပ်ချင်ဘူးဆိုရင်တော့ Wavy Lob ဆံပင်ပုံစံက ဆန်းသစ်တာကြောင့် မျက်မှန်နဲ့လိုက်ဖက်တဲ့ ရွေးချယ်မှုကောင်းတစ်ခုပါပဲ။

Medium Bob with Full Bangs

ဆံပင်ကို အရှေ့မှာ ဆံမြိတ်လေးချထားတဲ့ဒီပုံစံက မျက်မှန်တပ်ရတဲ့ ဆယ်ကျော်သက်လေးတွေနဲ့ဆို ချစ်ဖို့ကောင်းနေမှာ အမှန်ပါ။

Straight and Layered

ရုံးမှာအလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ဆံပင်ကို ရိုးရိုးလေးချထားတာကလည်း မျက်မှန်တပ်ရသူတွေကို ပေါ့ပေါ့ပါးပါးနဲ့ လှစေအုန်းမှာပါ။

Source: allthingshair