အားလုံးပဲ မင်္ဂလာပါ။ ထိုင်းဇာတ်လမ်းတွဲပရိသတ်တိုင်းနဲ့မစိမ်းတဲ့ မင်းသမီးချောလေး Kao Supassara ဟာဆိုရင် Instagram မှာ Follower ပေါင်း ၁၀ သန်းကျော်ထိ ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး မင်းသမီးတွေထဲက တစ်ယောက်ပါနော်။ Kao လို့ ချစ်စနိုးခေါ်ကြတဲ့သူမဟာ ၂၀၁၁ ခုနှစ်လောက်ကတည်းက ဇာတ်လမ်းတွဲတွေမှာ ပါဝင်လာခဲ့သူဖြစ်ပြီး “Hormones” ၊ “My Secret Bride” နဲ့ “My Forever Sunshine” စတဲ့ဇာတ်လမ်းကောင်းတွေကတစ်ဆင့် လူသိများလာခဲ့ပါတယ်။ အရပ် ၅ ပေ ၇ လက်မရှိတဲ့သူမဟာ Model တစ်ဦးအနေနဲ့ပါ အောင်မြင်နေတဲ့သူတစ်ယောက်ပါ။


အသက် ၂၇ နှစ်အရွယ်သူမဟာ ဖက်ရှင်ပိုင်းမှာဆိုရင် လူငယ်ဆန်ဆန်နဲ့ စတိုင်ကျတဲ့ Outfit လေးတွေ ဝတ်ဆင်တတ်သူဖြစ်ပြီး ရိုက်သမျှဓာတ်ပုံတိုင်း ကြည့်ကောင်းနေအောင် အထာကျကျ Pose ပေးတတ်သူလည်း ဖြစ်ပါတယ်။

သူမရဲ့ Pose ပေးနည်းလေးတွေက ကိုယ်ဟန်အနေအထားမှန်မှန်နဲ့ ထူးထူးခြားခြား Pose ပေးတတ်ချင်သူတွေ၊ Outfit ပေါ်အောင် ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် Idea ရစေမှာဖြစ်လို့ မင်းသမီး Kao ရဲ့ Pose ပေးနည်းလေးတွေကို ကြည့်လိုက်ရအောင်-

ထိုင်ပြီးရိုက်တဲ့အခါ ခြေတံရှည်ရှည်သွယ်သွယ်လေးပေါ်အောင် Kao လိုနေကြည့်ပါ။


သူမလို နေထိုးတဲ့ချိန်ရိုက်တာက Natural ဆန်ဆန်လေးလင်းနေစေမှာပါ။


လက်ကိုင်အိတ်လေးပေါ်အောင် ရိုက်မယ်ဆိုရင် ဒီ Pose လေးတွေက ကွက်တိပါပဲ။

Snap ဆန်ဆန် တစ်ဖက်ကိုလှည့်ကြည့်နေတဲ့ပုံလေးတွေရိုက်ကြည့်ပါ။ မေးရိုးလေးထင်းပြီး ဝတ်ထားတဲ့ Outfit လည်းပေါ်ပါတယ်။


ဆံပင်သပ်တဲ့ Pose က မိန်းကလေးတိုင်းနဲ့လိုက်ပါတယ်။ ပိုပြီးထူးခြားသွားအောင် သူမရဲ့ အိုက်တင်လေးတွေ လိုက်လုပ်ကြည့်ပါ။


လမ်းလျှောက်နေရင်း အဝေးကလှမ်းရိုက်တာမျိုးက သင့်ကို မော်ဒယ်လ်တစ်ယောက်လိုထင်ရစေမှာပါ။


ကင်မရာကို ခပ်ချေချေကြည့်နေတဲ့ Pose လေးလုပ်ကြည့်ပါ။ အထာကျပါတယ်။


မျက်မှန်တပ်ပြီးရိုက်မယ်ဆို ဒီလို Pose လေးတွေစမ်းကြည့်နိုင်ပါတယ်။


ကမ်းခြေမှာရိုက်တဲ့အခါ သူမလို Pose လေး Try ကြည့်ပါ။ အထာကျပြီး ဆွဲဆောင်မှုရှိစေမှာပါ။

မော်ဒယ်လ်ကိုယ်နေဟန်ထားလေးရဖို့ သူမလို လက်နှစ်ဖက်ကို ခါးဘေးမှာခပ်ကွေးကွေးထားပြီး ခန္ဓာကိုယ်တစ်စောင်းလေး နေကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar