သင့်ဘဝမှာ အနည်းဆုံး တစ်ခါလောက် ညဘက် ကျင်းပတဲ့ ပွဲတွေ၊ အခမ်းအနားတွေကို သွားဖူးမှာပါ။ ဒီလို သွားရတဲ့အခါ ဘောင်းဘီအပွ Style Pants တွေ၊ ဂါဝန်တွေကို ပျိုမေတို့ အများစု ဝတ်ဆင်တတ်ကြပါတယ်။ သင့်အနေနဲ့ ဒီလိုစတိုင်တွေ ဝတ်တဲ့အချိန် ဘယ်လိုပို့စ်ပေးရမလဲ သိပြီလား။ မသိသေးဘူးဆိုရင်တော့ အောက်ဖော်ပြပါ အကြောင်းအရာတွေကို ဆက်ကြည့်လိုက်နော်။ အောက်ဖော်ပြပါ ပုံစံတွေအတိုင်း ပို့စ်ပေးနည်းတွေကို အသုံးချမယ်ဆိုရင် သင့်ဓာတ်ပုံတွေက ထူးခြားပြီး လှနေပါလိမ့်မယ်။

ဒေါက်မြင့်လေး ရှိရင်

သင်က ဘောင်းဘီအပွ၊ ဒေါက်မြင့်ကို ဝတ်လာမယ်ဆိုရင် အိတ်လေးကို ဘေးဘက် ကိုင်ထားပြီး ခေါင်းလေးကို စောင်းနိုင်ပါတယ်။

ထိုင်စရာ ရှိရင်

သင်က ထိုင်ခုံတွေ့လို့ ထိုင်ပြီး ပို့စ်ပေးတဲ့အချိန် ဒီအတိုင်း တန်းထိုင်လို့ မရပြန်ပါဘူး။ ထိုင်ပြီးခြေချိတ်ကာ ပုံထဲကလို ပို့စ်ပေးမယ်ဆိုရင်တော့ အမိုက်ဆုံး ဖြစ်မှာပါ။

တစ်နေရာရာကို ကိုင်လို့ ရရင်

သင်က ပေါ့ပေါ့ပါးပါး ဖြစ်ချင်ရင် လက်ကို နံရံတစ်ခုပေါ် တင်ပြီး ကျန်လက်တစ်ဖက်ကိုတော့ အိတ် ကိုင်ထားနိုင်ပါတယ်။ အိတ်ကို ဘေးဘက်ထားပြီး ခြေထောက်ကို ရှေ့နောက်ထားမယ်ဆိုရင် ကိုယ်သွယ်တယ် ထင်ရစေပါတယ်။

လက်ကလေးကို ကပ်ထားမယ်

သင်က လက်ကို ခန္ဓာကိုယ်နဲ့ အကွာကြီး မထားဘဲ ကပ်ထားကာ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းထားနိုင်ပါတယ်။ ပုံထဲက မော်ဒယ်လို ခန္ဓာကိုယ် ကောက်ကြောင်း ရှိရင် ပိုလှပါတယ်

မှီစရာ ရှိရင်

သင်က နောက်ဘက် မှီရိုက်လို့ရရင် တင်ပါးကို နောက်ဘက် မှီစရာနဲ့ ကပ်ထားပြီး ခြေထောက်တစ်ဘက်ကို ရှေ့ဘက်တင်ကာ အထာကျကျ ပို့စ်ပေးနိုင်ပါတယ်။

ငေးနေမယ်

ခုဏကလို ထိုင်ခုံပေါ် ထိုင်လျက်နဲ့ ခြေချိတ်ကာ တခြားဘက်ငေးနေတာက အထာကျတဲ့ ပို့စ်ပုံစံပါ။

ထိုင်ခုံနဲ့ ဆန့်ကျင်ဘက် ထိုင်မယ်

ထိုင်ခုံက ရှေ့ဘက် ခြေချထိုင်ရမှာ ဖြစ်ပေမယ့် ထိုင်တဲ့အခါ ခန္ဓာကိုယ်ကို ဆန့်ကျင်ဘက်ဆီ လှည့်ရပါမယ်။

လက်ကလေးနဲ့ ကိုင်ထားမယ်

လက်နှစ်ဘက်မှာ ညာက ရှေ့ဘက် အိတ်ကလေး ကိုင်ထားကာ ကျန်လက်တစ်ဘက်ကို တန်းဘက် ကိုင်ထားနိုင်ပါတယ်။

တခြားဘက် ကြည့်နေမယ်

ထွေထွေထူးထူး ပို့စ်မပေးချင်သူတွေအတွက် ဒီပို့စ်လေးက အိုင်ဒီယာကောင်းပါပဲ။

ခါးလေးကို စောင်းထားမယ်

ဒီပို့စ်ကလည်း ထွေထွေထူးထူး ပို့စ် ဖန်တီးရတာမျိုး မကြိုက်တဲ့ သူတွေအတွက် အိုင်ဒီယာကောင်း တစ်ခုပါ။

ခါးပေါ် လက်ထောက်ထားမယ်

ခါးဘေး လက်ထောက်ကာ တစ်နေရာရာ မှီထားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ ပုံစံ ပေါ်စေပါတယ်။

အလှပို့စ်

ဒီပို့စ်ကတော့ ကြည့်ကောင်းပြီး ညို့ငင်အား ပြင်းတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် ပို့စ် ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar