လက်သည်းနီကို အမျိုးမျိုးဆိုးရတာ သဘောကျတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဒီဇိုင်းစုံပြီးလှတဲ့ ရွှေရောင်လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ တော်တော်များများက လက်သည်းနီအရောင်ပေါင်းစုံ ဆိုးပေမယ့် ရွှေရောင်ကိုတော့ ချန်ထားလေ့ရှိကြပါတယ်။ တကယ်တော့ ရွှေရောင်ဆိုးတာက အသားဆောင်ပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အားလုံးကို ရွှေရောင်ဆိုးထားတာမဟုတ်ပဲ အရောင်ဆင်တာလေးတွေကိုပါ ရောစပ်ပြီး ဆိုးထားတာကြောင့် မရိုးပဲ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ မြင်နေကျပုံစံနဲ့မတူပဲ လှနေတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အကြည်ဆိုးပြီး လက်သည်းထိပ်မှာပဲ ရွှေရောင်ကို ဆိုးထားတာလေးက ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။

ရွှေရောင်ကိုမှ တစ်ချောင်းနဲ့တစ်ချောင်း ဒီဇိုင်းမတူအောင် ပုံဖော်ဆိုးထားတာဖြစ်လို့ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင်လည်း ရွှေရောင်ကို ဆိုးထားတာလေးက မြင်နေကျနဲ့မတူပဲ ဒီဇိုင်းဆန်းပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ရွှေရောင်ဆိုးချင်ပေမယ့် အရမ်းထင်းနေတာမျိုးလည်း မဖြစ်ချင်ဘူးဆိုရင် ဒီလိုလေးလည်း ဆိုးလို့ရပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ လက်သည်းအရှည်ထားတဲ့သူတွေနဲ့ အရမ်းလိုက်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

အဖြူပေါ်မှာ ရွှေရောင်ကို ပုံဖော်ထားတာဖြစ်လို့ ထင်းပြီး အရမ်းလှပါတယ်။ ပွဲတက်အတွက်လည်း အဆင်ပြေတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင်လည်း အရောင်အငြိမ်လေးဆိုးပြီး ရွှေရောင်ကို ပုံဖော်ထားတာဖြစ်လို့ ငြိမ်ငြိမ်လေးနဲ့ အရမ်းလှပါတယ်။

ပုံမဖော်ချင်လည်း ရွှေရောင် Glitter လေးကို ဒီလိုအပြည့်ဆိုးရင် အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအချွန်တွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။

Photo source: www.pinterest.com