အတိုမဝတ်တဲ့ကောင်မလေးတွေအတွက် ပူအိုက်တဲ့နေ့မှာဝတ်ဆင်ဖို့ ရိုးရှင်းပြီး လှပနေမယ့်၊ ချစ်ဖို့ကောင်းနေမယ့် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ ပူအိုက်တဲ့နေ့မှာ အတိုမဝတ်လည်း အပူဒဏ်သက်သာအောင်၊ ဝတ်ရတာ သက်တောင့်သက်သာဖြစ်အောင် ဝတ်ဆင်လို့ရတဲ့ ဖက်ရှင်တွေက အများကြီး ရှိပါတယ်။

လူငယ်ကောင်မလေးတွေဆိုရင် ချစ်ဖို့ကောင်းအောင် ဒီလိုလေးဝတ်လို့ရပါတယ်။

မိန်းကလေးဆန်ပြီး ရိုးရိုးလေးနဲ့ လှနေအောင် ဒူးဖုံး Floral Dress လေးတွေကို ဝတ်လို့ရပါတယ်။

ဒီလိုစကပ်လေးတွေကို လက်ပြတ်လေးနဲ့ တွဲဝတ်တာလည်း ရာသီဥတု ပူအိုက်တဲ့နေ့မှာ ဝတ်လို့အရမ်းကောင်းပါတယ်။

လက်ပြတ်ဂါဝန်အရှည်လေးတွေကိုလည်း ဝတ်လို့ရပါတယ်။ အပူဒဏ်သက်သာပြီး မိန်းကလေးဆန်ဆန်နဲ့ လှနေမှာပါ။

ဒီလိုစကပ်လေးတွေကို ကြိုးတစ်လုံးလေးနဲ့ တွဲဝတ်တာမျိုးကတော့ အပူဒဏ်အရမ်းသက်သာပြီး ချစ်ဖို့ကောင်းနေစေမယ့် ဖက်ရှင်လေးပါပဲ။

စကပ်အရှည်လေးကို ချည်သားအကီၤျအဖြူလေးနဲ့ တွဲဝတ်တာမျိုးကလည်း အပူဒဏ်သက်သာပြီး မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ပူအိုက်တဲ့နေ့မှာ ဒီလိုစကပ်လေးကို ချစ်စရာကောင်းတဲ့ ချည်သားအင်္ကျီလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။ မိန်းကလေးဆန်ဆန်နဲ့ ကျော့ရှင်းပြီးလှနေမှာ သေချာပါတယ်။

ဘောင်းဘီအရှည်လေးကို ရိုးရိုးလက်ပြတ်အင်္ကျီအပွလေးတွေနဲ့ တွဲဝတ်တာလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဂျင်းဘောင်းဘီအရှည်ကို ချည်သားအင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်တာမျိုးကတော့ ရိုးရိုးလေးနဲ့ လှပပြီး ချစ်ဖို့ကောင်းသလို အပူဒဏ်လည်း သက်သာစေပါတယ်။

ပူအိုက်တဲ့နေ့မှာ ဂျင်းဘောင်းဘီအရှည်ကို ဒီလိုချစ်စရာကောင်းတဲ့ ချည်သားအင်္ကျီလေးတွေနဲ့လည်း တွဲဝတ်ကြည့်ပါ။

ဒီလိုစကပ်အရှည်အကားလေးတွေကို တီရှပ်လေးနဲ့ တွဲဝတ်တာမျိုးက အပူဒဏ်သက်သာပြီး ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com