Makeup ကို အမျိုးမျိုးပြင်ရတာ ဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ နည်းနည်းလေးဆန်းပြီး လှပတဲ့ 90’s Inspired Purple Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် အရောင်ကွဲတာလေးတွေကို ပြင်ဆင်ရတာက Fresh ဖြစ်တဲ့ Look မျိုးလေး ရစေပါတယ်။

အရင်ဆုံး မျက်ကွင်းညိုတာကို ဖုံးဖို့အတွက် Concealer ကို Peach ဘက်သွားတဲ့ အရောင်ဖျော့လေး သုံးပါမယ်။

နောက်တစ်ဆင့်မှာ ကိုယ်လိမ်းနေကျ Foundation ကို သေချာညီအောင် လိမ်းပေးပါ။

မျက်လုံးကို အဓိကပြင်မှာဖြစ်တဲ့အတွက် Eyeshadow ခြယ်ထားတာလေး ပိုပြီးခံအောင် Eye Primer သုံးပါမယ်။

Eyeshadow စခြယ်ဖို့အတွက် ခရမ်းရောင် Eyeshadow ကို အရောင်အနုနဲ့အရင့် သုံးပါမယ်။ အနုနဲ့အရင့်ကို ရောပြီးတော့ မျက်ခွံမှာ ခြယ်ပါမယ်။

ပုံမှာပြထားတဲ့ လိမ္မော်ဖောက်တဲ့အရောင်လေးကို မျက်ရစ်အပေါ်နားလေးမှာ နည်းနည်းကပ်ပြီး ခြယ်ပေးပါ။

ပြီးမှ ခုနက ခရမ်းရောင် Eyeshadow ကို အရောင်အနုနဲ့အရင့်ရောပြီး မျက်ခွံထိပ်နား အရှေ့ပိုင်းလေးမှာ ထပ်ခြယ်ပေးပါ။

ခုနက လိမ္မော်ဖောက်တဲ့ Eyeshadow အရောင်လေးကိုယူပြီး မျက်လုံးအောက်နား အနောက်ဘက်နားလေးမှာ ခြယ်ပေးပါ။

Gel Eyeliner ကို သုံးပြီးတော့ မျက်လုံးအတွင့်နားက ကပ်ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မျက်ခုံးကို သဘာဝဆန်ဆန်လေးပဲ ဆွဲပါမယ်။ မျက်ခုံးမွှေးရှိပြီးသားသူဆိုရင် Eyebrow Gel နဲ့ ဖြီးတာလောက်ပဲ လုပ်လို့ရပါတယ်။

ပါးနီကို ခရမ်းဖောက်တဲ့ အရောင်နုနုလေး သုံးပါမယ်။ Liquid Type လေးသုံးပါမယ်။ ဒါဆိုရင် အသားနဲ့တစ်ပြေးတည်းဖြစ်ပြီး ပိုလှပါတယ်။

နှုတ်ခမ်းနီကိုလည်း ခရမ်းဖောက်တဲ့အရောင် ရင့်တာလေးပဲ ဆိုးပါမယ်။

ဒါဆိုရင်တော့ လှပတဲ့ 90’s Inspired Purple Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။