မင်္ဂလာပါနော်။ ဆံပင်ကေအသစ်ပြောင်းဖို့စဉ်းစားနေတဲ့သူတွေအတွက် အတိုလေးတွေညှပ်ချင်လာအောင် ဆွဲဆောင်ပေးမယ့် ပေ့ါပေါ့ပါးပါးနဲ့ အထာကျတဲ့ ဆံပင်ဂုတ်ဝဲကေ Bob Cut လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်တိုတိုညှပ်တာက သင့်ကို ပုံစံလုံးဝပြောင်းပြီး မျက်နှာလေးနုသွားစေသလို ခေါင်းလည်းရှင်းတာမို့ ရာသီဥတုပူတဲ့အချိန်တွေအတွက် ကွက်တိပါပဲ။ လတ်တလော နာမည်ကြီး Cele တွေပါ ညှပ်ကြတဲ့ စတိုင်လေးတွေဖြစ်လို့ သင့်ကိုခေတ်ဆန်ပြီး အထာကျစေမှာပါနော်။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်-

Blunt Bob


ရှင်းရှင်းလေးနဲ့ အထာကျဖို့ ဒီလို Blunt Bob လေးညှပ်ကြည့်ပါ။ ဒီကေလေးက အရောင်ဆိုးတာနဲ့လိုက်သလို လှိုင်းတွန့်အကောက်လေးတွေ ပုံသွင်းပေးရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းပါတယ်။

Side-Parted Bob


Bob ကေကိုမှ ဆံကြောင်းခွဲပြီး တစ်ဖက်ကို ထူထူလေး လှန်တင်ထားတဲ့ Hairstyle မျိုးကလည်း ဆွဲဆောင်မှုရှိသလို ဆံပင်သပ်တတ်တဲ့ ပျိုမေတို့အတွက် ကွက်တိပါပဲ။

Micro Bob


ခပ်တိုတို Micro Bob လေးတွေကလည်း မျက်နှာလေးရှင်းပြီး အရမ်းပေါ့ပါးပါတယ်။ Highlight သေးသေးလေးတွေဖောက်ပေးရင် ပုံစံမရိုးတော့ဘဲ အထာကျစေမှာပါ။

Choppy Bob


မညီတဲ့အထပ်လေးတွေပေါင်းထားတဲ့ ဒီကေလေးကလည်း လူငယ်ဆန်ပြီး ချစ်စရာကောင်းပါတယ်နော်။ ခပ်ဖွဖွလေး ပုံသွင်းပေးမယ်ဆိုရင် ဆံပင်အုံထူထူလေးလို မြင်ရမှာပါ။

Bob With Bangs


ဆံပင်ဂုတ်ဝဲကို ရှေ့ဆံမြိတ်လေးတွေနဲ့တွဲထားတာကလည်း မျက်နှလေးနုပြီး ချစ်စရာကောင်းစေမှာပါနော်။ ရှေ့ဆံမြိတ်အတိလေးတွေ ဒါမှမဟုတ် Curtain ဆံမြိတ် ဘေးအဝဲလေးတွေနဲ့ တွဲထားတာမျိုး လုပ်ကြည့်ပါ။

Layered Bob


ဂုတ်ဝဲအထပ်ကေလေးကလည်း ဘယ်တော့မှမရိုးဘဲ လူကြိုက်များတဲ့ဆံပင်စတိုင်လေးဖြစ်သလို ထွေထွေထူးထူးပုံသွင်းဖို့မလိုဘဲ ချစ်စရာကောင်းစေမှာပါ။

Photo Source: Pinterest, preview.ph

By MyStyle Myanmar