ဒီအကြောင်းအရာက မိန်းကလေးတိုင်း စောင့်မျှော်နေကြတဲ့ အကြောင်းအရာပါပဲ။ ဒီထဲမှာ ဗိုက်အဆီကျဖို့ လိုက်နာရမယ့်၊ လုပ်ရမယ့် အရာတိုင်းကို တစ်ချက်မကျန် ဖော်ပြထားပါတယ်။ ဒီထဲက အချက်တွေအတိုင်း လိုက်နာရင် ချဖို့ခက်တဲ့ ဗိုက်အဆီကို သင် အမှန်တကယ် ချနိုင်ပြီး အရင်ထက် ပိုကျန်းမာပျော်ရွှင်လာပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ ဆားလျှော့ပါ

ဆားက ဗိုက်ပူစေတဲ့ တရားခံပါ။ ဝိတ်တက်လာခြင်းက ဆားထဲမှာ ပါတဲ့ Sodium ကြောင့် ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဆားအစား တခြား အငန်ဓာတ်ပေးနိုင်တဲ့ အရာတွေနဲ့ အစားထိုး စားပေးသင့်ပါတယ်။

၂။ သုံးနာရီ ဗိုက်ဆာတာ

နေ့လည်ပိုင်း ဗိုက်ဆာလို့ အဆာပြေ သားရေစာ စားတာက ဗိုက်အဆီတက်စေပါတယ်။ အထူးသဖြင့် နေ့လည် ၃ နာရီ ကနေ ၄ နာရီထိ ပါ။ ခဏလေးနဲ့ ဗိုက်မဆာဖို့ ပရိုတင်း လုံလုံလောက်လောက် စားသင့်ပါတယ်​။

၃။ သကြားဖြတ်ပါ

သကြားက ဆားလိုပဲ ဗိုက်အဆီကျချင်ရင် ရှောင်ရမယ့် အစားအသောက်ပါ။

၄။ ဗိုက်ပူစေတဲ့ အစားအသောက်တွေ

ဘယ်အစားအသောက်က သင့်ကို ဗိုက်ပူစေလဲ သတိထားကြည့်သင့်ပါတယ်။ ယေဘုယျအားဖြင့် ဗိုက်ပူစေနိုင်တဲ့ အစားအသောက်တွေကတော့- အာလူး၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ထမင်း စတာတွေ ဖြစ်ပါတယ်။

၅။ ကိုယ်စားတဲ့ ပုံစံ

အရွက်များများပါအောင် စားသင့်ပြီး လေ့ကျင့်ခန်း လုပ်နေရင်တောင် အစားလျှော့ရမယ်ဆိုတာ မမေ့သင့်ပါဘူး။

၆။ ဖျော်ရည်

Cola, Soda စတဲ့ အအေးတွေက ဗိုက်အဆီတက်စေနိုင်ပါတယ်။ အသီးဖျော်ရည်၊ ရေ စတာတို့ကိုပဲ သောက်သင့်ပါတယ်။

၇။ အိပ်ချိန်

ဗိုက်အဆီကျချင်သူ ပျိုမေတို့အနေနဲ့ အိပ်ချိန်ကို ပုံမှန်ထားသင့်ပြီး လုံလောက်စွာ ရှိသင့်ပါတယ်။

၈။ Cortisol နဲ့ စိတ်ဖိစီးမှု

စိတ်ဖိစီးရင် ထွက်လာတဲ့ Cortisol Hormone က ဝိတ်တက်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ပေးသင့်ပါတယ်။

၉။ အနည်းဆုံးနဲ့ အကောင်းဆုံး

လေ့ကျင့်ခန်း လုပ်တဲ့အခါ နေ့တိုင်းလုပ်မှ ဝိတ်ကျတာ မဟုတ်ပါဘူး။ ပမာဏထက် မှန်ကန်တဲ့ ကိုယ်ဟန် အနေအထားနဲ့ လေ့ကျင့်ခန်း လုပ်ဖို့က အရေးပိုကြီးပါတယ်။

၁၀။ Pilates

​ဗိုက်အဆီကျချင်သူတွေအနေနဲ့ Pilates လေ့ကျင့်ခန်းကို လုပ်ကြည့်သင့်ပါတယ်။

၁၁။ DCBA Routine

DCBA ရဲ့ဆိုလိုရင်းကတော့ “D” ဗိုက်အဆီကျဖို့ Diet လုပ်ရပါမယ်။ ဒုတိယ C က Cardio ဖြစ်ပြီး B ကတော့ Build Muscle ကြွက်သားတည်ဆောက်ရပါမယ်။ A ကတော့ Abs ဗိုက်ကြွက်သားအဆင့်ပါ။ ဒီအဆင့်အတိုင်း ဦးစားပေးသွားသင့်ပါတယ်။

၁၂။ နားပါ

နေ့တိုင်း လေ့ကျင့်ခန်း မလုပ်ဘဲ ကြွက်သားအနားရမှ ထိရောက်မှာမို့ နားရက်ထားရပါမယ်။

၁၃။ နှလုံးခုန်နှုန်းမြန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ

ဗိုက်အဆီကျဖို့ Abs လေ့ကျင့်ခန်းထက် Cardio ကို ပိုလုပ်ပေးသင့်ပါတယ်။

၁၄။ ပြောင်းလဲပါ

လေ့ကျင့်ခန်းတွေကို လုပ်ရတာ ရိုးအီပြီး ထပ်နေရင် ကြွက်သားတွေက နေသားကျသွားနိုင်တာကြောင့် အပြောင်းအလဲ လုပ်ပေးသင့်ပါတယ်။

၁၅။ အကြောလျှော့ပါ

ဗိုက်အဆီကျဖို့ လေ့ကျင့်ခန်းလုပ်ပြီးနောက် အကြောလျှော့တာပါ လုပ်ရပါမယ်။ ဒီလိုမှ လေ့ကျင့်ခန်း ပုံမှန်လုပ်နိုင်မှာပါ။

၁၆။ တွဲဖက်ပါ

Cardio နဲ့ ဝိတ်မတာကို တွဲထားတဲ့ Kickboxing လေ့ကျင့်ခန်းကလည်း ဗိုက်အဆီကျစေပါတယ်။

၁၇။ ဝိတ် မပါ

သင်က ဝိတ်မလို့ လူကောင်အကြီးကြီး ဖြစ်လာဖို့ မကြောက်ပါနဲ့။ လေ့လာချက်တွေအရ ဝိတ်မတဲ့ အမျိုးသမီးတွေဟာ ဗိုက်အဆီကျဖို့ မြန်ကြောင်း သိရပါတယ်။ တစ်ပတ် သုံးရက် လုပ်ရုံနဲ့ လုံလောက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar