ပွဲဦးထွက်ကတည်းက ဒီအချိန်ထိ Cha Eun Woo လေးက ချောချောမောမော ကြည့်ကောင်းစွာ ကြီးပြင်းလာသူ တောင်ကိုးရီးယား အနုပညာရှင်တစ်ဦးပါ။ ပရိတ်သတ်တွေက Cha Eun Woo ရဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို သဘောကျကြသလို သူ့ရဲ့ ကြွက်သားတွေနဲ့ ဖြောင့်ဖြောင့်တောင့်တောင့် ခန္ဓာကိုယ်အချိုးအစားကိုလည်း သဘောကျကြပါတယ်။ အခုဖော်ပြထားတဲ့ ပုံရိပ်တွေကတော့ Baby Face လေးနဲ့ မလိုက်ဖက်စွာ Cha Eun Woo ရဲ့ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်နဲ့ စတိုင်တွေ ဖြစ်ပါတယ်။

ဒီ W Korea Magazine Shoot က တကယ်ကို မင်္ဂလာရှိတဲ့ Photoshoot ပါ။

ဒီ Performance လုပ်တုန်းက Eunwoo က ချစ်ဖို့ကောင်းတဲ့ အကစတိုင်နဲ့ ကြည့်မဝ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက

ရေစိုလာတဲ့ အချိန်ထိပါပဲ။

သူက စင်ပေါ်မှာ တကယ်ကို စိတ်ရောကိုယ်ပါ ဖျော်ဖြေနေခဲ့တာပါ။

သူ့ရှပ်အင်္ကျီကို ချွတ်လိုက်တဲ့အချိန်မှာတော့ မနူးညံ့တော့ဘဲ ယောကျာ်းပီသ သွားတာကို တွေ့ရမှာပါ။

Cha Eun Woo ရဲ့ ချစ်ဖို့ကောင်းတဲ့ Visual ဓာတ်ပုံတွေကို Media Photo တွေမှာ မြင်တွေ့နိုင်ပါတယ်။

သူ့ရဲ့ အချိုးအစားကျတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကိုရောပဲပေါ့။

ပန်းရောင်က Eun Woo နဲ့ ချစ်စရာ ကောင်းစွာ လိုက်ဖက်တဲ့ အရောင်တွေထဲက တစ်ခုပါ။

ပန်းရောင်နဲ့အတူ Eun Woo ရဲ့ မှီအိပ်ချင်စရာ ပခုံးကျယ်ကြီးကိုပါ မြင်နိုင်ပါတယ်။

Island Red Carpet ပွဲမှာ Cha Eun Woo က ချစ်ဖို့ကောင်းပြီး ယဉ်ကျေးလှပါတယ်။

အမိုက်စား စတိုင်ကတော့ ချွင်းချက်ပေါ့။

ဒီ Outfit လေးနဲ့ Cha Eun Woo က နူးနူးညံ့ညံ့ ကောင်လေးတစ်ယောက်လို့ မြင်ရနိုင်ပါတယ်။

ဒီပုံရိပ်ကို မမြင်ခင်အထိပေါ့…

သင်က Cha Eun Woo ရဲ့ ပရိတ်သတ်လား၊ သူ့ရဲ့ အဖွဲ့သီချင်းတွေ၊ ဇာတ်လမ်းတွေထဲ ဘာကို အကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး။

Source: Koreaboo

By MyStyle Myanmar