နှုတ်ခမ်းခြောက်တာက ဆောင်းတွင်းမှာ အဖြစ်များပေမယ့် တချို့ကျတော့ အမြဲတမ်းဖြစ်နေတာမျိုးပါ။ တချို့ဆိုရင် နှုတ်ခမ်းခြောက်ပြီး မဲတာမျိုးတွေလည်း ဖြစ်ပါတယ်။ ဒီလို နှုတ်ခမ်းခြောက်ပြီး မဲတာကို သက်သာစေမယ့် ထိရောက်တဲ့ Home Remedies တွေကို မျှဝေပေးလိုက်ပါတယ်။

ထောပတ်နဲ့သကြား

ပျော်အောင်လုပ်ထားတဲ့ထောပတ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သကြား – လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ကို ရောမွှေပြီး နှုတ်ခမ်းကို Scrub တိုက်ပေးရမှာပါ။ တစ်ပတ်မှာ ၃ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်ပြီး မဲတာတွေ သက်သာစေပါတယ်။

နွားနို့နဲ့နနွင်းမှုန့်

ရေအေး – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် သေချာရောမွှေပြီး လက်ချောင်းလေးနဲ့ယူကာ နှုတ်ခမ်းကို တိုက်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီးမှ ရေနဲ့သန့်စင်ပါ။ နှုတ်ခမ်းသားချောမွေ့ပြီး နှုတ်ခမ်းခြောက်တာ၊ မဲတာတွေ သက်သာစေပါတယ်။

သံပယိုရည်နဲ့ပျားရည်

သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး နှုတ်ခမ်းကိုပွတ်ပေးပါ။ ပြီးရင် မိနစ် ၂၀ ထားပြီးမှ ရေနဲ့သန့်စင်ပေးရမှာပါ။ တစ်ပတ်မှာ ၃ ကြိမ်လောက် ပုံမှန်လုပ်ပေးရင် နှုတ်ခမ်းမဲပြီးခြောက်တာ သက်သာလာမှာပါ။

Cocoa Butter နဲ့ Choco Chips

Cocoa Butter – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ Choco Chips – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး နှုတ်ခမ်းကို လိမ်းထားပေးပါ။ မိနစ် ၃၀ ထားပြီးမှ ရေအေးနဲ့ ပြန်သန့်စင်ပေးပါ။ ဒီနည်းလမ်းကတော့ နှုတ်ခမ်းသား နူးညံ့ချောမွေ့စေပြီး နှုတ်ခမ်းခြောက်တာ၊ မဲတာတွေလည်း သက်သာစေပါတယ်။

ကိုယ်အဆင်ပြေတဲ့ Remedies တစ်ခုကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ လုပ်ပြီးတိုင်းမှာ Lip Balm ပြန်လိမ်းထားပေးဖို့လည်း မမေ့ပါနဲ့။ ညတိုင်းလည်း Lip Balm လိမ်းအိပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။