သင်က အဝတ်အစားရွေးတဲ့အခါ ပေါ့ပေါ့ပါးပါးဖြစ်ပြီး အသား သိပ်မဖော်ရတဲ့ အဝတ်အစားတွေကို နှစ်သက်ရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီလို အဝတ်အစားက ကြည့်ရတာ အမြင်မရိုင်းဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်။ ဒီလိုပဲ သင့်စတိုင်က လှနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ဒီတော့ ဝတ်ဆင်ပုံ နမူနာတွေကို ကြည့်လိုက်ရအောင်-

Blouse ကိုမှ ဘောင်းဘီအပြဲနဲ့ တွဲသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ကိုယ်လုံး လုံခြုံတဲ့ပုံစံ ဖြစ်နေရင် ကြည့်မလှလို့ပါ။

Blouse အပါးကိုမှ အထဲက အတွင်းခံ Bra ကို ယုံကြည်မှု ရှိစေမယ့် ပုံစံလှလှလေး ရွေးသင့်ပါတယ်။ ပြီးရင် အောက်က ဘောင်းဘီရှည်နဲ့ တွဲနိုင်ပါတယ်။

အောက်က ဘောင်းဘီအပွနဲ့ အပေါ် အင်္ကျီ အောက်ကားကို တွဲလို့ရပါတယ်။ ဒီစတိုင်က ပေါ့ပေါ့ပါးပါးပုံစံ လုံးဝ ရပါလိမ့်မယ်။

မိန်းကလေးဆန်ဆန် ချစ်ဖို့ကောင်းတဲ့ စတိုင်ကို လိုချင်ရင် Floral Blouse လေးကို ရွေးချယ်နိုင်ပါတယ်။

ခါးစည်းပါတဲ့ အင်္ကျီလေးနဲ့အတူ ဘောင်းဘီရှည်က ခါးသေးသေးလေးကို ပိုင်ဆိုင်စေပါလိမ့်မယ်။

ရိုးရိုးလေးကိုမှ စမ်းစမ်းလေး လိုချင်ရင် အဝါရောင် ပန်းပွင့်လေးတွေပါတဲ့ စတိုင်ကို ဘောင်းဘီရှည်နဲ့ တွဲနိုင်ပါတယ်။

အင်္ကျီလက်ပြတ် ကိုယ်ကျပ် အင်္ကျီကို စကပ်အကားလေးနဲ့ တွဲနိုင်ပါသေးတယ်။

ဘောင်းဘီရှည်ကော အင်္ကျီကော တစ်ကိုယ်လုံး အဖြူစတိုင်လေးက ရိုးရိုးလေးနဲ့ ချစ်စရာကောင်းပါတယ်။

လက်ရှည်အဆုံးမှာ အကားပုံစံ သွားတဲ့ Blouse တွေက ဘောင်းဘီရှည်နဲ့ လိုက်ဖက်ပါတယ်။

အပြင်ထပ် အသားရောင်လေးနဲ့ ဘောင်းဘီရှည်ကို တွဲလိုက်ရင်တော့ ကဗျာဆန်တဲ့ ကောင်မလေး ဖြစ်သွားပါပြီ။

အင်္ကျီလက်ပွလေးနဲ့ ဘောင်းဘီရှည်ကလည်း လိုက်ဖက်ပါတယ်။

အောက်ကားဘောင်းဘီက ခန္ဓာကိုယ် ကောက်ကြောင်းပေါ်စေပြီး ပြင်ထပ်ပါတဲ့ အင်္ကျီနဲ့ တွဲနိုင်ပါတယ်။

ပေါ့ပေါ့ပါးပါး လုံလုံခြုံခြုံ ဝတ်ချင်ရင် ဒဲ့ပွ ဘောင်းဘီရှည်ကို လိုအပ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar