နေပူထဲ ဦးထုပ်၊ ထီး စတဲ့အကာအကွယ်မပါပဲ သွားလာတာတွေများရင် ဆံသားက နေလောင်ပြီး ပျက်စီးစေပါတယ်။ ဆံသားအရောင်လည်း လွင့်စေပါတယ်။ ဆံသားမွဲခြောက်ပြီး နှစ်ခွဖြစ်လာတွေလည်း ဖြစ်စေပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ဆံသားကောင်းလာအောင် ပြန်ပြီး Treatment လုပ်သင့်ပါတယ်။ ဒါကြောင့် နေလောင်ပြီးပျက်စီးနေတဲ့ ဆံသားကို ပြန်လည်ကောင်းမွန်လာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Warm Coconut Oil Treatment

အုန်းဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းကိုယူပြီး အပူပေးပါ။ နွေးလာပြီဆိုရင် ဆံသားအနှံ့လိမ်းပေးပြီး တစ်ညထားပါ။ မနက်ရောက်မှ ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းကတော့ ဆံသားပြန်လည် ကောင်းမွန်လာပြီး ဆံသားတောက်ပြောင်စေပါတယ်။

Rosemary Oil

Rosemary Oil – ၄ စက်လောက်ထည့်ပြီး သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောလိုက်ပါ။ ပြီးရင် ဆံသားအနှံ့လိမ်းပေးပြီး ကြာကြာထားပါ။ ပြီးမှခေါင်းလျှော်ပါ။ အပတ်တိုင်းလုပ်ပေးမယ်ဆိုရင် နေလောင်ထားတဲ့ ဆံသားကို ပြန်လည်ကောင်းမွန်လာစေပါတယ်။

Beer

Beer နဲ့ ခေါင်းလျှော်ပေးခြင်းက ဆံသားပျက်စီးတာ၊ နေလောင်ခံထားရတာတွေကို သက်သာစေပြီး ဆံသားတောက်ပြောင်စေပါတယ်။

Mayonnaise

Mayonnaise ကို ဆံသားအနှံ့လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင်တော့ ရေကြက်သီးနွေးနဲ့ ခေါင်းသေချာလျှော်ပေးပါ။ ဒီနည်းလမ်းက ဆံသားပျက်စီးထားတာကို သက်သာစေပြီး ဆံသားကျန်းမာစေပါတယ်။

Black Tea

Black Tea နဲ့ ဆံပင်ကို နေရာအနှံ့စိုအောင် လုပ်ပေးပါ။ ပြီးရင် ရေစစ်ချပြီး ခဏကြာကြာထားပါ။ ပြီးမှ ခေါင်းလျှော်ပေးပါ။ ဆံသားပျက်စီးတာ၊ နေလောင်ခံထားရတာတွေ အကုန်သက်သာစေပြီး ဆံသားနူးညံ့စေတယ်၊ တောက်ပြောင်စေပါတယ်။