မင်္ဂလာပါ… K-pop ချစ်သူတို့ရေ…. K Pop ကို ဟိုးအရင်ကတည်းက အားပေးလာခဲ့တာ ခုဆိုရင် 4th-Generation အထိပါဘဲနော်။ Generation တိုင်းမှာ အသံပါဝါကောင်းကောင်းနဲ့ အောင်မြင်တဲ့အဆိုတော်တွေ ရှိခဲ့သလိုဘဲ ခု 4th-Generation မှာလည်း အကောင်းဆုံးလို့ ပရိတ်သတ်တွေ ထင်ကြေးပေးနေကြတဲ့ 4th မျိုးဆက် K-Pop idols များထဲကနေ အကောင်းဆုံးတေးသံရှင်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Seungmin (Stray Kids)
Seungmin ဟာ ဘယ်လိုသီချင်းမျိုးကိုမဆို နားထောင်ရတဲ့သူဖို့ မေ့မသွားနိုင်လောက်အောင် ဆိုနိုင်ပြီး သူရဲ့ ပျားရည်လိုချိုပြီး စွဲမက်ဖွယ်ကောင်းတဲ့ အသံက လူတွေရဲ့ စိတ်ကို လှုပ်ရှားစေလှုပ်ရှားစေပါတယ်။
Lily (NMIXX)
ငယ်ငယ်လေးကတည်းက အသံပါဝါကောင်းကောင်းနဲ့ အားကောင်းတဲ့သီဆိုမှုတွေကြောင့် လူသိများခဲ့တဲ့ Lily ဟာ ခုဆို K-Pop လောကအတွက် ရတနာတစ်ပါးပါဘဲ။
JunHyeok (TNX)
အဖွဲ့ရဲ့ vocal ace ဖြစ်တဲ့ Junhyeok က သီချင်းဆိုတိုင်း နှလုံးသားကို စွဲဆောင်သွားစေမယ့် လေးနက်တဲ့ စိတ်ခံစားမှုတွေနဲ့ ဆိုတတ်ပြီး ဘယ်အချိန်မှာဘဲဖြစ်ဖြစ် နားထောင်သူတွေကို စိတ်မပျက်စေပါဘူး။
Jongho (ATEEZ)
သီချင်းဆိုလိုက်တိုင်း အသံပါဝါအားကောင်းကောင်းနဲ့ အဖုအထစ်မရှိ ချောမွေ့နေအောင် ဆိုတတ်တဲ့ Jongho က နားထောင်သူတိုင်းကို သီချင်းထဲမှာမျောပါသွားအောင် ဆိုနိုင်တဲ့လူပါ။
Keeho (P1Harmony)
အသံက အရမ်းကောင်းပြီး စိတ်ဓာတ်လည်း ပြည့်ဝတဲ့ Keeho ရဲ့ အကြမ်းဖျင်း သီဆိုမှုတွေကို K-Pop မှာ မကြာခဏ တွေ့ရတတ်ပါတယ်။
Goeun (PURPLE KISS)
ပွဲဦးထွက်ပြီး နှစ်လအကြာမှာ ဂန္ထဝင်ဆန်တဲ့ သူ့ရဲ့အသံကြောင့် အသိအမှတ်ပြုမှု ရရှိခဲ့တဲ့ Goeun ဟာ လူသစ်ဖြစ်ပေမယ့် နားထောင်သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
New (The Boyz)
Boyz ရဲ့ Vocal King ဖြစ်တဲ့ က New ရဲ့အသံက အရမ်းသာယာပြီး နားထောင်တဲ့လူတွေကို ဘယ်တော့မှ စိတ်မပျက်စေတဲ့အပြင် နားထောင်သူတွေကို စိတ်သက်သာရာပါ ရစေတဲ့လူပါ။