ဆံပင်အရောင် လင်းတာတွေက သင့်မျက်နှာ အသားအရောင်ကို ပိုလင်းစေနိုင်ပါတယ်။ ဒါ့အပြင် မိတ်ကပ်လိမ်းရင် ဆံပင်လင်းလင်းလေးက Makeup Look ကို ပိုပေါ်သွားစေနိုင်ပါတယ်။

နဂို ဆံပင်အနက်ကို သဘောမကျတဲ့ ပျိုမေတို့အနေနဲ့ ဆံပင်အရောင်ကို လင်းတာလေး ဆိုးသင့်ပါတယ်။ တချို့ မိန်းကလေးတွေဆိုရင် ဆိုးလက်စနဲ့ ဆံပင်ကို အရောင် လင်းတာလေးပဲ ထင်ထင်ရှားရှား ဆိုးမယ်လို့ တွေးလေ့ရှိကြပါတယ်။

ဖော်ပြပါ ဆံပင်အရောင်တွေက ဒီလို မိန်းကလေးတွေနဲ့ ကိုက်ပါတယ်။ အခု အရောင်လေးတွေက မိန်းကလေး အများစု နှစ်သက်ကြတဲ့ အရောင်တွေ ဖြစ်တာကြောင့် ဒီ အကြောင်းအရာကို သိမ်းထားသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ပုံစံတွေ့ရင် Screenshot ရိုက်ထားသင့်ပါတယ်။ ဒီလိုမှ Hair Salon မှာ ဆံပင်အရောင်ပြပြီး ဆံပင်ဆိုးနိုင်မှာပါ။ ဒီတော့ ဆံပင်အရောင်လင်းလင်းလေးတွေကို ကြည့်လိုက်ရအောင်နော်-

လိမ္မော်စပ်တဲ့ အရောင်လေး နှစ်သက်သူ ပျိုမေတို့အတွက်


နီညို အရောင်လေး


လိမ္မော်ဘက် သိပ်မသွားဘဲ အညိုပိုကဲထားတဲ့ အရောင်လင်းလင်းလေး


အရောင်လင်းပြီး အဝါဘက် သွားတဲ့ ဆံပင်အရောင် နှစ်သက်ရင် ဒီအရောင်လေးက လှပါတယ်။


ပျိုမေတို့ အဆိုးများတဲ့ ဆံပင်အရောင်


အညိုကိုမှ အဝါဖောက်ထားတဲ့ စတိုင်


နိုင်ငံခြားမ လေးတွေလို ဆံပင်ပုံစံလိုချင်တဲ့ ပျိုမေတို့ ဆိုးနိုင်မယ့် ဆံပင်ရောင်


ခဲရောင်ဘက် သွားတဲ့ အဝါရောင်


လူငယ်ဆန်တဲ့ ဆံပင်အရောင်


အဝါကိုမှ ခပ်မိုက်မိုက် ဆံပင်စတိုင်လေးနဲ့


အရောင်လင်းပြီး မျက်နှာပုံစံလုံးဝ ပြောင်းချင်တဲ့ ပျိုမေတို့ ဆိုးနိုင်တဲ့ အရောင်


အရောင်ချွတ်ရပေမယ့် ဆိုးရကျိုးနပ်မယ့် ဆံပင်အရောင်


Makeup Look ကို များများလေး On လေ့ရှိတဲ့ ပျိုမေတို့ ဆိုးနိုင်တဲ့ အရောင် ဖြစ်ပါတယ်။


ဆွဲဆောင်မှုရှိတဲ့ ဆံပင်အရောင်


မဟော်ဂနီ အရောင်တောက်တောက်လေး

Photo Source: Pinterest

By MyStyle Myanmar