ကြားရတာ တကယ်ကို မယုံနိုင်စရာပါပဲ။ သခွားသီးနဲ့ ဝိတ်ချတာဟာ ၁၄ ရက်အတွင်းမှာတင် ကိုယ်အလေးချိန် ၁၅ ပေါင်လောက် ကျစေပါတယ်။ သခွာသီးဟာ ကျန်းမာတဲ့ အသီးအနှံတစ်မျိုးဖြစ်ပြီး အစားများများစားချင်တာနဲ့ အစားအလွန်အကျွံစားချင်စိတ်ကို ကာကွယ်ပေးနိုင်ပါတယ်။
သခွားသီးနဲ့ ဝိတ်ချမဲ့ အစီအစဉ်
မနက်စာ = သခွားသီးသုပ် နဲ့ ကြက်ဥအကြက်ပြုတ် ၂ လုံး
အစာပြေ = ပန်းသီးအကြီး ၁ လုံး၊ မက်မွန်သီး ၁ လုံး (သို့) မက်မန်းသီး ၅ လုံး
နေ့လည်စာ = ပေါက်မှုန့်မီးကင် ၁ ချပ် နဲ့ သခွားသီးသုပ်
အစာပြေ = သခွားသီးရှိတ် တစ်ခွက်
ညစာ = သီးစုံသုပ် (၃၀၀ ဂရမ်)
သခွားသီးသုပ်ပြုလုပ်နည်း
ပါဝင်ပစ္စည်း
သခွားသီး ၄၀၀ ဂရမ်
ဒိန်ချဉ် ၂၀၀ မီလီလီတာ
လတ်ဆတ်တဲ့ ကြက်သွန်နီ ၁ လုံး
ဆား
ပြင်ဆင်ခြင်း
သခွားသီးကို အခွံနွှာပြီး လှီးလိုက်ပါ။ ပြီးရင်ဆားနဲ့သေချာရောပြီးနှယ်ပေးပါ။ ကြက်သွန်နီကို အခွံနွှာပြီး လှီးပေးပါ။ သခွားသီးနဲ့ဆားနယ်ထားတဲ့ခွက်ထဲမှာ ကြက်သွန်နီနဲ့ ဒိန်ချဉ်ထည့်ပါ။ ပြီးရင်သေချာမွှေပေးပြီး စားသုံးနိုင်ပါပြီ။
သခွားသီးရှိတ်ပြုလုပ်နည်း
ပန်းသီး ၁ လုံး
သခွားသီး ၁ လုံး
ဂျင်းအနည်းငယ်
ဟင်းနုနွင်ရွက် လက်တစ်ဆုပ်
ဗာဒံသီး နဲ့ သစ်ကြားသီး ၂၀ ဂရမ်
ပြင်ဆင်ခြင်း
ပန်းသီး၊ ဟင်းနုနွင် နဲ့ သခွားသီးကို ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဂျင်းထည့်ပြီးတစ်ခါ ထပ်မွှေပါ။ ပြီးရင် ခွက်အရှည်ထဲကို ထည့်ပြီး ဗာဒံသီး သစ်ကြားသီးကိုခွဲပြီး အလှဆင်ပါ။ (ဗာဒံသီးနဲ့ သစ်ကြားသီးကို မထည့်ချင်လည်းရပါတယ်။) လတ်ဆတ်တဲ့ အဲဒီဖျော်ရည်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးကို အထောက်အကူပြုစေမှာသေချာပါတယ်။
အခုပြောပြခဲ့တဲ့အစားအစာအပြင် အာလူးပြုတ် ၂ လုံး ၊ ကျူနာ (Tuna) ငါး ၁၅၀ ဂရမ်၊ လက်ဖက်ရည်ကော်ဖီ (သကြားမပါ) တို့ကို စားသုံးနိုင်ပါတယ်။
မှတ်ချက် ။ ။ လေ့ကျင့်ခန်းပုံမှန်လေးလုပ်ပေးပါ။