တစ်စုံတစ်ယောက်က သူ့ရဲ့ပိုင်ဆိုင်မူတွေကို အချိန်တိုင်း ထုတ်ကြွားပြောဆိုနေတာ၊ လက်ခလယ်နဲ့ ညွှန်ပြတာတွေ အစရှိတာတွေက လူတွေကို စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါဆိုရင် မိမိပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ ကသိကအောက်ဖြစ်ရတဲ့ အဖြစ်အပျက်တွေကို လျစ်လျူရှူဖို့အတွက် (သို့) ဖြေရှင်းဖို့အတွက် ဘာတွေလုပ်သင့်သလဲ။
ဒီလိုအခြေအနေ တွေကြုံရတဲ့အချိန်မှာ ဘာတွေလုပ်သင့်သလဲဆိုတာ ဒီနေ့မှာ ပြောပြပေးသွားမှာပါ။
တစ်စုံတစ်ယောက်က စကားအဆက်မပြတ်ပြောနေရင်
တစ်စုံတစ်ယောက်က မိမိကို စကားအဆက်မပြတ်ပြောနေရင် လက်ထဲမှာ ကိုင်ထားတဲ့ တစ်စုံတစ်ခုကို လွှတ်ချလိုက်ပါ။ ဖုန်း (သို့) ကွဲကြေလွယ်တဲ့ အရာတွေကိုတော့ လွှတ်မချပါနဲ့။ တစ်ယောက်ယောက်ကို ပါးစပ်ပိတ်ထားဖို့ ယဉ်ကျေးစွာပြောဖို့ နည်းလမ်းက မရှိသလောက်ပါပဲ။
အခု ပြောပြတဲ့နည်းလမ်းက သူတို့ကိုယ်သူတို့ စကားတွေအများကြီးပြောနေပါလာဆိုတာကို သတိရသွားစေပါလိမ့်မယ်။ စကားပြောတာ ရပ်သွားကောင်း ရပ်သွားပါလိမ့်မယ်။
စိတ်လှုပ်ရှားနေရင်
လူတွေရဲ့ဦးနှောက်ဟာ အစားအစာနေတဲ့အချိန်မှာ အရာအရာအဆင်ပြေသလို ခံစားရစေပါတယ်။ ပီကေဝါးပေးတာက ဦးနှောက်ကို သက်သောင့်သက်သာရှိတယ်လို့ ခံစားရစေနိူင်ပါတယ်။ ဒီနည်းလမ်းကို စကားပြောရင်းစိတ်လှုပ်ရှားတဲ့အချိန်၊ အင်တာဗျူးမဝင်ခင် နဲ့ ဖိအားများနေတဲ့အချိန်တွေမှာ အသုံးပြုနိူင်ပါတယ်။
မိမိမကြိုက်တဲ့သီချင်းကို ခေါင်းထဲကထုတ်မရဖြစ်နေရင်
တစ်ခါတစ်လေမှာ ကြော်ငြာသီချင်းတွေ မိမိမကြိုက်တဲ့ နာမည်ကျော် သီချင်းတွေဟာ ခေါင်းထဲက ထုတ်မရအောင် ရှိနေတတ်ပါတယ်။ ဒီသီချင်းတွေကိုပဲ အချိန်တိုင်းတွေးမိနေပြီး ကိုယ်မသိလိုက်ခင်မှာပဲ ဆိုမိသွားတတ်ပါတယ်။
ဒီလိုအခြေအနေနဲ့ ကြုံရပြီဆိုရင် သီးချင်းရဲ့ အဆုံးသက်အပိုဒ်ကို ဆိုညည်းလိုက်ပါ။ ဒါဆိုရင် ဦးနှောက်က သီချင်းဆုံးသွားပြီထင်ကာ သီချင်းဆိုတာလည်း ရပ်သွားပါလိမ့်မယ်။
အဖွဲ့တစ်ဖွဲ့မှာ မိမိက လူသစ်ဖြစ်နေရင်
မိမိက အဖွဲ့တစ်ဖွဲ့မှာ လူသစ်ဖြစ်နေရင် ကျန်တဲ့အဖွဲ့ဝင်တွေ မိမိအပေါ်ဘယ်လိုမြင်နေလဲဆိုတာ သိရဖို့ခက်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်အနေအထားကို ကြည့်ပြီး သူတို့ သင့်အပေါ် စိတ်ဝင်စားနေလာ (သို့) စိတ်မဝင်စားဘူးလားဆိုတာ သိနိူင်ပါတယ်။
တကယ်လို့ သူတို့သာ သင့်ကို စိတ်ဝင်စားနေမယ်ဆိုရင် သူတို့ရဲ့ခြေထောက်တွေအကုန်လုံးက သင့်ဖက်ကို တည့်တည့်လှည့်ပြီး နှုတ်ဆက်နေပါလိမ့်မယ်။ ဒီနည်းလမ်းက လူတွေသင့်ကို သတိထားမိ (သို့) မထားမိကိုလည်း သိနိုင်ပါတယ်။
အငြင်းအခုံလုပ်နေရရင်
တစ်စုံတစ်ယောက်နဲ့ အငြင်းအခုံလုပ်နေရပြီဆိုရင် သူတို့က သင့်ကို အော်နေပါစေ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ် ကိုယ်ပြောချင်တာကို သူတို့နားလည်အောင် ပြောပါ။ တစ်ဖက်လူက မိမိမေးတာကို ပြန်မဖြေတာ (သို့) စကားအကျယ်ကြီးအော်ပြောနေတာတို့ ကြုံလာရင်လည်း သူတို့ပြောဆုံးတဲ့အထိ နားထောင်ပြီး အသံကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားကာ ပြောပါ။
တဖြည်းဖြည်းနဲ့ သင့်ရဲ့ ငြိမ်းချမ်းမူတွေက သူတို့အပေါ် လွှမ်းမိုးသွားပြီး အော်ဟစ်တာတွေ ရပ်သွားပါလိမ့်မယ်။
Source: Bright Side