အချစ်ရေးနဲ့ ပတ်သက်ရင် တချို့က အခြေအနေ မဟန်တာနဲ့ တပ်ခေါက်ပြန်တတ်တဲ့သူတွေ ရှိသလို တချို့ကျတော့ မရ ရအောင် လိုက်တဲ့ သူတွေ ရှိပါတယ်။ ကိုယ်လိုချင်တဲ့ အရာကို ရဖို့ ချော့တလှည့်၊ ခြောက်တလှည့်နဲ့ မာယာအမျိုးမျိုးသုံး၊ စကားပြောတတ်သူတွေ ရှိပါတယ်။ အခုဖော်ပြထားတဲ့ ရာသီဖွားတွေက ကိုယ်လိုချင်တဲ့ ကောင်လေး၊ ကောင်မလေးကို ရအောင် လိုက်တတ်သူတွေ ဖြစ်ပါတယ်။

၁။ Aries

Aries ကို Mars ဂြိုဟ်က လွှမ်းမိုးပါတယ်။ Mars က အလိုဆန္ဒ၊ ရန်လိုစိတ် လို့ခေါ်တဲ့ ဂြိုဟ်ပါ။ သူတို့က သူတို့လိုချင်တဲ့ အရာတွေ၊ လိုအပ်တာတွေကို ရှေ့တန်းတင်ကြပါတယ်။ ငြင်းခံရတာကို လက်မခံဘဲ ပိုင်ဆိုင်နိုင်အောင် ကြိုးစားသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ Aries တွေက ခဏလေးနဲ့ ချစ်မိသွားတတ်သူတွေ ဖြစ်ကာ စိတ်လည်း မြန်မြန်ပြောင်းတတ်ကြပါတယ်။

၂။ Gemini

Gemini တွေက လူတစ်ယောက်ကို ကြိုက်တာနဲ့ ဒီလူရဲ့ အကြိုက်၊ ဒီလူနဲ့ ပတ်သက်ပြီး အကုန်သိချင်ကြပါတယ်။ သူတို့က လူတစ်ယောက်ကို ကြွေပြီဆိုတာနဲ့ တစ်နေ့လုံး စာပို့ရဖို့ ဝန်မလေးသလို အချိန်လည်း ပေးတတ်ကြပါတယ်။ ဒါပေမဲ့ Gemini တွေက လိုချင်တာကို ရပြီးတာနဲ့ ပျင်းသွားတတ်ကြပါတယ်။

၃။ Cancer

Cancer ရာသီဖွားတွေက လူတစ်ယောက်ကို ချစ်မိဖို့ အချိန်ယူရပါတယ်။ ဒါပေမဲ့ တကယ် အတည်ရည်ရွယ်တာနဲ့ ဒီလူကို ပိုင်ဆိုင်ဖို့ အကုန်လုပ်မယ့် သူတွေပါ။ ကိုယ်နှစ်သက်တဲ့ သူအတွက်ဆိုရင် ဘာမဆိုလုပ်မယ့်သူတွေ ဖြစ်ပါတယ်​။

၄။ Scorpio

Scoripo တွေက Gemini ရာသီခွင်တွေလိုပဲ ကိုယ်လိုချင်တဲ့ သူရဲ့ အကြောင်းကို အကုန်သိချင်ကြပါတယ်။ လူတစ်ယောက်ကို ပိုင်ဆိုင်ရမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ရအောင် လုပ်တတ်သူတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar