ဒေါက်မြင့်ဖိနပ်တွေက အရပ်ကို ပိုရှည်စေသလို ခြေထောက်ကို ပိုလှသွားစေတာ ပျိုမေအားလုံး သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ဘယ်လောက်ထိပဲ ဒေါက်မြင့်တွေကို သဘောကျပါစေ ဒေါက်အမြင့် ဖိနပ်တွေက တစ်ရက်လုံး စီးထားဖို့ မသင့်သလို လမ်းအကြာကြီးလျှောက်ဖို့လည်း မသင့်တော်လှပါဘူး။ ဒါကြောင့် ဒေါက်မြင့်ရွေးတဲ့အခါ သင့်ခြေထောက်အတွက် အဆင်ပြေပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် အမျိုးအစားတွေကို ပိုဦးစားပေးသင့်ပါတယ်။ ဘယ်လိုဒေါက်မြင့်မျိုးကို ဦးစားပေး ရွေးချယ်သင့်လဲ ကြည့်လိုက်ရအောင်-

၁။ Kitten Heels

ဒီဖိနပ်တွေက 60’ ခုနှစ်ဝန်းကျင်လောက်က အဝတ်များခဲ့တဲ့ ဖိနပ်ပုံစံ ဖြစ်ပါတယ်။ ဒီဖက်ရှင် Trend က တစ်ပတ်ပြန်လည်လာပါပြီ။ ဒီဖိနပ် စတိုင်က သင့်ကို အရပ်အများကြီး မရှည်စေပေမယ့် သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ Kitten Heels က ဂျင်းဘောင်းဘီ၊ ရုံးတက်ရုံးသွားစတိုင်တွေနဲ့ လိုက်ဖက်ပါတယ်။

၂။ ကွင်းစွပ်ဒေါက်မြင့်အပိတ်


ဖိနပ်စီးတဲ့အခါ ခြေချောင်းလေးတွေကို နေရာပေးဖို့ လိုပါတယ်။ မြင့်ပြီး အပိတ်ကျဉ်းကျဉ်းလေး သွားတဲ့ ဖိနပ်တွေက သင့်ခြေချောင်းတွေကို သက်တောင့်သက်သာမရှိစေနိုင်ပါဘူး။ Swedish Clogs စတိုင် Träskor ဖိနပ်စတိုင်တွေကတော့ ဒီလိုမဟုတ်ဘဲ သင့်ခြေချောင်းလေးတွေအတွက် နေရာပေးထားကာ သက်တောင့်သာ ဖြစ်စေပါတယ်။

၃။ Cork Wedge ဖိနပ်


Cork Wedge ဖိနပ်တွေကို အရင်က နာမည်ကျော်တွေ တော်တော်များများ ဝတ်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သိပ်မဝတ်ကြတော့ပါဘူး။ ဒါပေမဲ့ ဒီဖိနပ်ပုံစံက သက်တောင့်သက်သာဖြစ်ပြီး ပေါ့ပါးတာကြောင့် တချို့နာမည်ကျော်တွေ ဝတ်နေကြတုံးပါပဲ။

၄။ Loafers


Loafer တွေကို ဂျင်းဘောင်းဘီ၊ ဂါဝန်၊ စကပ် မျိုးစုံနဲ့ တွဲဖက်ဝတ်နိုင်ပါတယ်။ ဒါ့အပြင် Loafer အမြင့်တွေက သင့်ခြေထောက်ကို အများကြီး မနာကျင်စေပါဘူး။

၅။ Block Heeled ဒေါက်မြင့်


ဒေါက်မြင့်ကိုမှ စူးပုံစံ အမြင့်တွေက ခြေဖနောင့်ကို နာကျင်စေပေမယ့် အတုံး Block Heel တွေကတော့ သင့်ကို အရပ်မြင့်စေမယ့်အပြင် သက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

၆။ Mary Janes


ဒေါက်မြင့်ဝတ်ပြီး သက်တောင့်သက်သာ လမ်းလျှောက်ချင်သူတွေ Marry Janes ဖိနပ်မျိုးကို မမေ့သင့်ပါဘူး။

၇။ ကြိုးပါတဲ့ ဘွတ်ဖိနပ်နဲ့ အဝိုက်ကျယ်ကျယ် ဒေါက်မြင့်


ဒီကြိုးဖိနပ်စတိုင်က သင့်အရွတ်နဲ့ ခြေထောက်ကို မထိခိုက်စေပါဘူး။ ဒါ့အပြင် ကိုယ်နေဟန်ထားကို Balance ဖြစ်စေမယ့် ဖိနပ်တွေပါ

၈။ Oxford


Oxford ဖိနပ်တွေက ရုံးသွားရုံးတက် ပျိုမေတို့နဲ့ အလိုက်ဖက်ဆုံး စတိုင်ပါ။ မင်းသမီး Julia Roberts က ပေါ့ပေါ့ပါးပါး ဝတ်စုံနဲ့ Oxford ဖိနပ်ကို ဝတ်ထားတာတောင် လိုက်ဖက်နေပါတယ်။
သင်ကကော ဒေါက်မြင့်တွေကို ပုံမှန် စီးလေ့ရှိသူလား ပြောပြခဲ့ပါဦး။

Source: Brightside

By MyStyle Myanmar