လူငယ်ကောင်မလေးအကြိုက် ဒီတစ်ခါမှာတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ Freestyle ပုံစံနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါပေမယ့် ပို့စ်သိပ်မပေးတတ်ဘူးဆိုရင် ဒီပို့စ်အိုင်ဒီယာလေးတွေက အသုံးဝင်ပါလိမ့်မယ်။

လှေကားမှာထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ Freestyle ပုံစံလေးနဲ့ လူငယ်ဆန်စေပါတယ်။ ချစ်ဖို့လည်းကောင်းပါတယ်။

အထာကျကျနဲ့ Freestyle ပုံစံလေးဖြစ်နေစေမယ့် ပို့စ်ပေးနည်းပါ။ ဘောင်းဘီအရှည်လေးတွေနဲ့ဆို ပိုလိုက်ဖက်တဲ့ပို့စ်မျိုးပါ။

ထိုင်ပြီးရိုက်တဲ့အခါ ဒီလိုလေးပို့စ်ပေးလို့လည်း ရပါတယ်။ မျက်နှာထားကိုမရီပဲနေပြီး ပို့စ်ပေးကြည့်ပါ။

ကျောပိုးအိတ်လေးလွယ်တယ်ဆိုရင် ဒီလိုပို့စ်လေးကို Try ကြည့်ပါ။ Snap ဆန်ပြီး ချစ်ဖို့ကောင်းသလို Freestyle ပုံစံလေးလည်း ဖြစ်ပါတယ်။

ဒီပို့စ်လေးဆိုရင် Snap ပုံလေးနဲ့တူပါတယ်။ အဓိကကတော့ မျက်နှာထားနဲ့ လက်ထားတဲ့ပုံစံက အသက်ပါပဲ။

ဘောင်းဘီအရှည်လေးတွေဝတ်ထားရင် ထိုင်ခုံမှာ ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ Freestyle ပုံစံ ပို့စ်ပေးနည်းပါပဲ။ မျက်နှာကို နည်းနည်းလေးပြုံးထားရင် ပိုချစ်ဖို့ကောင်းမှာပါ။

ဒီပို့စ်လေးကတော့ လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီပို့စ်လေးဆိုရင် ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် အလွယ်ကူဆုံး ဖြစ်မှာပါ။

ရှေ့တည့်တည့်ထိုင်ရိုက်ရတာ ရိုးလာရင် နောက်ကျောပေးပြီး မျက်နှာလေးကပဲ ကင်မရာကိုကြည့်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။

ဒါကတော့ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် နောက်ထပ် အလွယ်ကူဆုံးနဲ့ ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းလေးပါပဲ။

Photo source:www.pinterest.com