၂၀၂၃ မှာ ကိုယ့်ကိုကိုယ်ပိုချစ်တတ်စေဖို့ နည်းလမ်းများ
သင့်ပတ်ဝန်းကျင်ကလူတွေထဲက သင့်ကိုမချစ်တဲ့လူတွေ သင့်ကိုချစ်လာဖို့ကို စောင့်နေတုန်းဘဲလား? ဘာလို့များ အချိန်ကုန်ခံပြီး စောင့်နေအုန်းမှာလဲ? နှစ်သစ်မှာ သူတို့ရဲ့ ရွေးချယ်မှုကို အချိန်ကုန်ခံပြီး ထိုင်စောင့်မနေပါနဲ့။ ဒီနေ့ကစပြီး သင်ကိုယ်တိုင်ဘဲ ကိုယ့်ကိုယ်ကို ရွေးချယ်လိုက်ပါ။ ကိုယ့်ကိုကိုယ် ချစ်တတ်အောင် လေ့ကျင့်ပါ။ တခြားသူတွေ ကိုယ့်ကို ချစ်မှာဘဲဆိုတဲ့ အတွေးနဲ့ထိုင်စောင့်နေမယ့်အစား ကိုယ့်ကိုယ်ကို ချစ်ပါ၊ ဂရုစိုက်ပါ၊ လေးစားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပါ။
စွန့်လွှတ်သင့်တာကိုစွန့်လွှတ်ပါ
တကယ်ကို ခက်ခဲပေမယ့် လုံးဝတန်ဖိုးရှိတဲ့ အရာတစ်ခုကတော့ ပြီးပြည့်စုံဖို့အတွက် စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပြီး ကိုယ်တိုင် စစ်မှန်တဲ့ ခရီးကို စတင်ခြင်းပါပဲ။ မကောင်းတဲ့အရာကို မစွန့်လွှတ်ဘဲ ဖက်တွယ်နေတာက သင့်ကို ပိုခက်ခဲပင်ပန်းစေတာမလို့ စွန့်လွှတ်သင့်တာကို စွန့်လွှတ်လိုက်ပါ။
လုပ်စရာရှိတာလုပ်ပါ
ဒီကမ္ဘာပေါ်မှာ မင်းရဲ့အချိန်တွေက အဖိုးတန်တယ် ဆိုတဲ့ ဆိုရိုးစကားအတိုင်း သင်ဘာဘဲလုပ်ချင်ချင် အရေးကြီးတယ်ထင်ရင် လုပ်လိုက်ပါ။ ဘာလို့ တခြားသူတွေရဲ့ ဝေဖန်ချက်တွေကို ထိုင်တွေးနေအုန်းမှာလဲ ?
နှိမ့်ချတဲ့သူတွေနဲ့ ဝေးဝေးရှောင်ပါ
သင့်ကို စိတ်မပူတဲ့လူတွေအတွက် သိပ်ပြီးစိတ်မပူပါနဲ့။ သင့်ရဲ့တန်ဖိုးကိုသင်သိပါတယ်။ ကိုယ့်ကို မလေးစားတဲ့သူတွေကို မပေါင်းသင်းဘဲနေတာက အပေါင်းအသင်းမှားတာထက် စာရင်တော့ တော်ပါသေးတယ်။
ကိုယ့်အတိတ်ကို ခွင့်လွှတ်ပါ
လူတိုင်းက အမှားနဲ့မကင်းကြပါဘူး။ ဒါကြောင့် အတိတ်မှာ မှားခဲ့တာတွေကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား ကိုယ့်ကိုယ်ကို ခွင့်လွှတ်လိုက်ပါ။ ခွင့်လွှတ်ပြီး အခုကစပြီး လုပ်မယ့်အရာတွေကို ပိုအာရုံစိုက်လိုက်ပါ။
နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းပါ
ဘဝကဆိုတာ တကယ်တော့ အရမ်းကို တိုတောင်းလွန်းတယ်။ ဒီတိုတောင်းတဲ့အချိန်လေးမှာ စိတ်ညစ်စရာတွေကို ထွေးပိုက်ပြီးရှင်သန်နေမယ့်အစား ကိုယ်စိတ်ဝင်စားတဲ့အရာတွေ ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေ ကိုယ့်ကိုချစ်တဲ့လူတွေနဲ့ဘဲ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းလိုက်ပါ။