အထဲက အင်္ကျီ Crop လေးနဲ့ ဘောင်းဘီအပွက ပျိုမေတို့ အဝတ်များလာတဲ့ စတိုင်ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။ ချွင်းချက်အနေနဲ့တော့ ဗိုက်နေရာ အဆီရှိတယ်ဆိုရင် ဒီ Crop တစ်ခုတည်းနဲ့ မလုံလောက်တော့ဘဲ အပြင်ထပ်ပါ လိုလာပါပြီ။

အပြင်ထပ်ပါ ဝတ်လိုက်မှ ဖက်ရှင် တစ်ဆက်စာ စုံလင်သွားတာပါ။ ဒါ့အပြင် သင့်ကိုလည်း ပိုစတိုင်ကျစေပါတယ်။ ဒီတစ်ခေါက်မှာတော့ အပြင်ထပ် အင်္ကျီနဲ့ ဘောင်းဘီအပွ ဝတ်လေ့ရှိတဲ့ ပျိုမေတို့ တွဲနိုင်မယ့် အရောင် အတွဲအစပ်တွေကို ဖော်ပြပါရစေ။

တစ်ကိုယ်လုံး All Black ကိုမှ ပုံမရိုးသွားစေချင်ရင် ပြင်ထပ်ကို အညိုလေး ဝတ်နိုင်ပါတယ်။ ဒီလိုဆိုရင် သင့်ဖက်ရှင်က အရောင် Balance ဖြစ်သွားပါလိမ့်မယ်။

ဘောင်းဘီက အဝါအဖျော့လေး ဖြစ်မယ်ဆိုရင် အပေါ်အပြင်ထပ်ကိုပါ အရောင်အနီးစပ်ဆုံး တူတာ ပါတာလေး ဝတ်သင့်ပါတယ်။ ဒီလိုဆိုရင် ပိုစတိုင်မိုက်ပါတယ်။

Beige Color ဘောင်းဘီနဲ့ အဖြူအတွဲအစပ်ကိုမှ ပြင်ထပ်ကို ဂျင်းပြာလေး ရွေးနိုင်ပါတယ်။

Jean အပြာနဲ့ လိုက်ဖက်တဲ့ နောက်ထပ်အရောင်တစ်ခုကတော့ ပန်းရောင်ပါ။ ပန်းရောင်နဲ့ အပြာအတွဲအစပ်ကို အနက်ရောင် ဘောင်းဘီထပ်ဖြည့်လိုက်တဲ့အခါ အပြစ်ပြောစရာ မရှိတော့ပါဘူး။

အရောင်ငြိမ်ငြိမ်လေး ကြိုက်တယ်ဆိုရင် ဂျင်းပြာ အဖျော့နဲ့အတူ အပြင်ထပ် အစိမ်းဖျော့လေးက တည်တည်ငြိမ်ငြိမ်လေးနဲ့ လှပါတယ်။

ဆင်စွယ်ရောင် ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ အပြင်ထပ် အင်္ကျီအရောင်ကတော့ အဝါဖျော့ပါ။

အထဲက Crop ကို မတူတာလေး ဝတ်ပြီး အပေါ်ထပ် အင်္ကျီနဲ့ ဘောင်းဘီရှည်ကို အရောင်ဆင်တူလေး ဝတ်နိုင်ပါတယ်။

လိမ္မော်ဘက် သွားတဲ့ အပြင်ထပ်က ပျိုမေအများစုရဲ့ အသားအရောင်ကို လင်းစေပြီး ဂျင်းဘောင်းဘီရှည်နဲ့လည်း လိုက်ဖက်ပါတယ်။

အဝါအဖျော့လေးနဲ့ ဂျင်းဘောင်းဘီရှည်က နွေရာသီနဲ့ လိုက်ဖက်တဲ့ အရောင်ပါ

ဖန်စီဆန်ဆန် ပန်းရောင်လေးနဲ့ ဂျင်းဘောင်းဘီရှည်က လိုက်ဖက်တဲ့ အတွဲအစပ်ပါ။

Black And White ဘောင်းဘီအင်္ကျီအတွဲအစပ်ကိုမှ ပြင်ထပ်ကို ဂျင်းထည် ဝတ်နိုင်ပါတယ်။

အစိမ်းအဖျော့လေးနဲ့ အရောင်ငြိမ်လေးနဲ့ တွဲဖက်လိုက်တဲ့အခါ သဘာဝဆန်ဆန်လေး ကြည့်ကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar