Kpop Idol တွေဟာ ကင်မရာရှေ့မှာ မိတ်ကပ်မပါတဲ့ Look ကို ပြဖို့ စိတ်မလုံမခြုံ ဖြစ်တတ်ကြပါတယ်။ တချို့ဆိုရင် မိတ်ကပ်မပါတဲ့အချိန် ကင်မရာ လာရိုက်ရင် မျက်နှာကို ကွယ်ထားတတ်ကြပါတယ်။
အခုဖော်ပြထားတဲ့ Idol တွေကတော့ မိတ်ကပ်မပါတဲ့ Barefaced နဲ့ ကင်မရာရှေ့နေဖို့ မကြောက်ရွံ့ခဲ့ကြပါဘူး။ တောင်ကိုးရီးယား Variety Show တစ်ခုဖြစ်တဲ့ “Real Men” မှာဆိုရင် မိတ်ကပ်ဖျက်ထားဖို့ လိုအပ်ပါတယ်။ ဒီ Kpop Idol တွေကတော့ မျက်နှာပြောင်နဲ့ ရိုက်ကူးရေးမှာ ပါဝင်ခဲ့ကြပြီး လှနေဆဲ ဖြစ်နေကြတဲ့ Idol တွေ ဖြစ်ပါတယ်။ ဘယ်သူတွေ ပါမလဲ၊ ဘယ်သူတွေက မျက်နှာပြောင်နဲ့ လှနေလဲ ကြည့်လိုက်ရအောင်နော်-
Dahyun (TWICE)
Dahyun က မျက်နှာပြောင်နဲ့လည်း ချစ်ဖို့ကောင်းတာပါပဲ။
Lisa (BLACKPINK)
Blackpink အဖွဲ့ဝင် Lisa က အပြစ်ကင်းတဲ့ မိန်းကလေး တစ်ဦးဆိုတာ သိသာပါတယ်။
ငိုတာတောင် ချစ်ဖို့ကောင်းတဲ့ Hyeri ဖြစ်ပါတယ်။ Hyeri က အဆိုအပြင် သရုပ်ဆောင်တာမှာပါ ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြုခံထားရတဲ့ မင်းသမီး တစ်ဦး ဖြစ်ပါတယ်။
မိတ်ကပ်မလိမ်းထားလည်း မိတ်ကပ်လိမ်းထားတဲ့ ပုံစံနဲ့ တူနေတဲ့ Hani ဖြစ်ပါတယ်။
သဘာဝအလှဆိုတာ ဘာလဲ မေးရင် Girls’ Generation အဖွဲ့ဝင် Yuri လို့ ဖြေရမှာပါ။
ကလေးလေး တစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ Seolhyun
Minah (Girl’s Day)
Minah က မိတ်ကပ်လိမ်းလိုက်ရင်တော့ ဆွဲဆောင်မှု အားပြင်းတဲ့ ကောင်မလေး တစ်ဦးပါ။ ဒါပေမဲ့ မိတ်ကပ်ဖျက်လိုက်တဲ့အခါမှာတော့ ပြုံးရယ်လိုက်တာနဲ့ မျက်လုံးလေး ပျောက်သွားပြီး ချစ်ဖို့အင်မတန်ကောင်းတဲ့ Minah ဖြစ်သွားပါတယ်။
မိတ်ကပ်မလိမ်းတဲ့အချိန်မှာတောင် Miss တစ်ဦးလို လှတဲ့ Hyosung ပါ။
Yoona (Girls’ Generation)
တောင်ကိုးရီးယားနိုင်ငံရဲ့ Beauty Standard အားလုံးနဲ့ ကိုက်ညီသူ တစ်ဦး ဖြစ်တဲ့ Yoona က မိတ်ကပ်ဖျက်လည်း Beauty Standard ကို မှီနေဆဲပါပဲ။
ပါးဖောင်းဖောင်းလေးနဲ့ ရယ်လိုက်ရင် ချစ်ဖို့ကောင်းတဲ့ Mina
ဘယ် Idol က မိတ်ကပ်မပါဘဲ သင့်မျက်လုံးထဲ ချစ်စရာအကောင်းဆုံးလဲ ပြောပြခဲ့ပါဦး။
Source: Koreaboo
By MyStyle Myanmar
											
				
									
























