မင်္ဂလာပါ…. ပျိုမဒီတို့ရေ…ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ အများစုက အပြင်မှာ သူငယ်ချင်း မိတ်တွေတွေနဲ့ ဆုံကြ ခရီးတွေသွားကြပေမယ့် အပြင်မသွားဘဲ အိမ်မှာဘဲ နေရတာကြိုက်တဲ့လူတွေလည်း ရှိမှာဘဲလေနော်။ ဒါပေမယ့် အိမ်မှာနေရတာ ကြာလာရင်တော့ ပျင်းနေမှာတော့ အမှန်ပါဘဲ။ ဒါကြောင့် အိမ်မှာ တစ်ယောက်တည်း နေရတော့မယ်ဆို ပျင်းတာကို ဘယ်လို ကျော်ဖြတ်ကြမလဲ။ ဒါကြောင့် အိမ်မှာနေရင်း အပျင်းပြေဖို့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

များများအိပ်ပြီး များများနားရဖို့ ဒီအချိန်ကို သုံးပါ။ ပုံမှန်ရက်တွေဆို ကျောင်းသွားဖို့၊ အလုပ်သွားဖို့ အမြဲစောစောထနေရတာမို့ အိပ်ရတာကြိုက်တဲ့လူတွေအတွက် ဒီလိုနားနေရတဲ့ အချိန်မှာ အိပ်ရေးဝအောင် အိပ်ဖို့က အကောင်းဆုံးပါဘဲ။

ဂိမ်းဆော့ပါ

အိမ်မှာ မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့ အတူရှိနေတယ်ဆိုရင်  Go-Fish၊ ဂျိုကာ၊Uno၊ Monopoly နဲ့ Scrabble တို့လို ဘုတ်ဂိမ်းတွေ ကစားကြည့်ပါ။ အတူတူရယ်မောရင်းနဲ့ အချိန်ကုန်လို့ ကုန်မှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။

အသစ်အဆန်းတစ်ခုခုသင်ပါ

အိမ်မှာနေတဲ့အချိန် ဟင်းချက်နည်းအသစ် ဒါမှမဟုတ် မုန့်ဖုတ်တာမျိုးတို့ကို သင်ပြီး ချက်ပြုတ်ကြည့်ပါ။ ဒါမှမဟုတ် လက်မှုဝါသနာပါတယ်ဆိုရင် ပန်းထိုးတာမျိုး စက္ကူနဲ့ Origami ခေါက်တာမျိုးလေး လုပ်ကြည့်ပါ။

အခန်းရှင်းပါ

အခန်းထဲမှာ ပစ္စည်းတွေပွနေတာမျိုးရှိရင် နေရာတကျပြန်စီပြီး မလိုတာတွေကိုတော့ ပစ်ထုတ်လိုက်ပါ။ အဝတ်အစားဗီရိုထဲက အဝတ်တွေကို သေချာရှင်းလင်းပြီး မဝတ်တော့တဲ့ အဝတ်အစားတွေ မသုံးတော့တဲ့အ သုံးအဆောင်တွေကို ခွဲထုတ်ပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းနိုင်အောင် သေချာလေးထုတ်ပိုးထားပါ။ အခန်းရှင်းတာက အချိန်ကုန်လို့ ကုန်မှန်းမသိသာစေဘဲ သန့်ရှင်းနေတဲ့အခန်းလေးက စိတ်ကို ကြည်လင်စေမှာပါ။

ရုပ်ရှင်ကြည့်ပါ

အိမ်မှာ နားနေတဲ့အခါ ရုပ်ရှင်ကြည့်ရင်းနဲ့လည်း အချိန်ဖြုန်းလို့ရပါသေးတယ်။ Netflix မှာ ရုပ်ရှင်နဲ့  Show အသစ်တွေကြည့်ရင်း အချိန်ကုန်ဆုံးလို့ရပါတယ်။  Harry Potter ကြိုက်တဲ့လူဆိုရင်လည်း ပြန်ကြည့်လို့ ရပါသေးတယ်နော်။