အသားအရေအတွက် အကောင်းဆုံး သဘာဝ Natural Butter ကို ရှာနေတာလား ? ဒါဆိုရင်တော့ အဝေးကြီးရှာစရာမလိုပါဘူးနော်။ အနီးလေးမှာရှိပြီးသား Coconut Oil ကိုမေ့မနေပါနဲ့။ ။ Coconut Oil ကို လူတော်တော်များများ သုံးကြတဲ့ အဓိက အကြောင်းအရင်းက သူရဲ့ Moisturizing ကြောင့်ပါ။ Coconut Oil မှာ အသားအရေအတွက် အကျိုးရှိစေတဲ့အရာတွေ အများကြီးပါဝင်တာကြောင့် Coconut Oil ကို အသုံးပြုလို့ရမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
Soothing Dry Skin
အုန်းဆီမှာပါဝင်တဲ့ Linoleic acid က အသားအရေကို ချောမွေ့စေပါတယ်။ ဒါကြောင့် သင်က အသားအရေ ခြောက်တတ်တဲ့လူဆိုရင် Coconut Oil ဟာ သင့်အတွက် အကောင်းဆုံး သူငယ်ချင်းပါဘဲ။
Body moisturizer
ရေချိုးပြီးတဲ့အချိန် အသားအရေကို ရေဓာတ်ဖြည့်ဖို့အတွက် Coconut Oil ကို အသုံးပြုလို့ရပါတယ်။ လိမ်းတဲ့အခါ လည်းပင်ကနေစပြီး အောက်ကိုဆွဲချလိမ်းပေးပါ။ တံတောင်ဆစ်၊ ဒူး၊ လက်နဲ့ ခြေထောက် စတဲ့ တခြားနေရာထက် ပိုခြောက်တတ်တဲ့နေရာတွေကို သတိတရလိမ်းဖြစ်အောင် လိမ်းပေးပါ။ တစ်နေ့ ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် သင့်အသားအရေပေါ် မူတည်ပြီး အသုံးပြုပေးနိုင်ပါတယ်။
Makeup remover
Coconut Oil ကို မိတ်ကပ်တွေဖျက်တဲ့နေရာမှာ Makeup remover အနေနဲ့လည်း အသုံးပြုလို့ရပါသေးတယ်။ Cotton Ball သို့မဟုတ် Cotton Pad လေးနဲ့ အုန်းဆီကိုယူပြီး အရင်ဆုံးလိမ်းထားတဲ့မိတ်ကပ်တွေကို ဖျက်လိုက်ပါ။ ဖျက်ပြီးရင်တော့ ကျန်နေသေးတဲ့မိတ်ကပ်တွေကို အပျော့စား Makeup remover နဲ့ထပ်ဖျက်ပေးပါ။ ချွေးပေါက်တွေ ပိတ်တာမျိုးက ကင်းဝေးစေဖို့ ရေနဲ့နောက်တစ်ကြိမ် ထပ်သစ်ပေးပါ။
Lip Balm
နှုတ်ခမ်းတွေ အမြဲခြောက်သွေ့နေပြီး ယားယံနေတတ်တယ်ဆိုရင် အုန်းဆီကို နှုတ်ခမ်းအစိုဓာတ်ရအောင် လိမ်းပေးပါ။ Coconut Oil မှာ ပါဝင်တဲ့ ဂုဏ်သတ္တိတွေက နှုတ်ခမ်းရဲ့ အစိုဓာတ်ကို အံ့ဩစရာကောင်းလောက်အောင် တစ်နေကုန်ထိန်းထားပေးနိုင်လို့ပါ။