ပျင်းပေမယ့်လည်း လှချင်ရင်တော့ အခြေခံ Skincare လောက်က လုပ်ရမှာပါပဲ။ ဒါမှလည်း အသားအရေက မွဲခြောက်မနေပဲ စိုပြည်လာမှာပါ။ ဒါကြောင့် အပျင်းကြီးတဲ့ ကောင်မလေးတွေအတွက် Simple ဖြစ်တဲ့ Skincare Routine တွေကို မျှဝေပေးလိုက်ပါတယ်။ သုံးပေးရမယ့် Skincare ကလည်း အဓိကက 5 မျိုး၊ 6 မျိုးလောက်ပဲ ရှိပါတယ်။

Cleansing Water

Makeup လိမ်းသည်ဖြစ်စေ၊ မလိမ်းသည်ဖြစ်စေ တစ်နေကုန် မျက်နှာမှာကပ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်ဖို့ မျက်နှာသစ်ဆေးတစ်မျိုးထဲနဲ့ မလုံလောက်ပါဘူး။ ဒီတော့ ညဘက်မှာ Cleansing Water နဲ့ မျက်နှာကို အရင်သန့်စင်ပါ။

မျက်နှာသစ်ဆေး

မနက်တစ်ခါ၊ ညတစ်ခါ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာသစ်ဆေးသုံးတဲ့အခါမှာ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုးကို ရွေးသုံးပေးပါ။ အရမ်းပျင်းတဲ့ မျက်နှာသစ်ဆေးတွေသုံးရင် အသားခြောက်တဲ့အတွက် မသုံးပါနဲ့။

Toner

ဘယ်လောက်ပျင်းပျင်း Toner ကိုတော့ မနက်၊ ည သုံးပေးပါ။ ကိုယ်က Skincare ကို အများကြီးလိမ်းရမှာ ပျင်းတယ်ဆိုရင် Hydrating Toner မျိုးကို ရွေးသုံးပေးပါ။

Moisturizer

အသားအရေအတွက် အရေးအကြီးဆုံးကတော့ Moisturizer ပါပဲ။ မနက်၊ ည သုံးပေးရမှာဖြစ်ပြီး Hydrating ကောင်းကောင်းပေးနိုင်တာမျိုး၊ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုးကို ရွေးသုံးပေးပါ။

Sunscreen

ဘယ်လောက်ပျင်းပျင်း Sunscreen မလိမ်းပဲ လုံးဝမနေပါနဲ့။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ Sunscreen လိမ်းဖို့လိုပါတယ်။ ပျင်းပြီး Sunscreen မလိမ်းရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကျတော့ နေလောင်ပြီး အသားအရေ ပျက်စီးလာမယ်၊ အသားအရေညစ်လာမယ်၊ တင်းတိတ်နဲ့ အမဲစက်တွေ ထွက်လာမယ်၊ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်လာပါမယ်။ ဒါကြောင့် Sunscreen က အရမ်းကို အရေးကြီးပါတယ်။