လက်သည်းမှာ အဝါရောင်တွေစွန်းနေလို့ စိတ်ညစ်နေပြီလား? အိမ်အလုပ်တွေလုပ်ရတာ ၊ မီးဖိုချောင် အလုပ်တွေလုပ်ရတာတွေကြောင့် လက်သည်းတွေဟာ အရောင်ဖျော့တာ၊ အဝါရောင်စွန်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အစွန်းတွေက အလွယ်တကူမပြောင်တာမို့ ကြည့်ရတာ တကယ်ရုပ်ဆိုးလွန်းပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ၊ ထိရောက်တဲ့ အိမ်တွင်း ကုထုံးတွေနဲ့လည်း စွန်းနေတဲ့ လက်သည်းတွေကို ဖြူစင်အောင် လုပ်နိုင်ပါတယ်။ လက်သည်း တွေကို  စွန်းတာတွေဝေးစေဖို့ အလွယ်လုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

Denture Cleaner

Denture Cleaner မှာ ပါတဲ့  Dilute Sodium Hypochlorite က အပျော့စား Bleach ဖြစ်တာကြောင့် လက်သည်းပေါ်က အစွန်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ Denture Cleaner ကို ရေနွေးနွေးလေးနဲ့ ဖျော်ပြီး ၅ မိနစ်လောက်  စိမ်ပေးပါ။ ပြီးရင် လက်ကို ရေနွေးနွေးနဲ့ ဆေးပြီး သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါနဲ့  ခြောက်အောင်သုတ်ပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်ပေးပါ။

သံပုရာရည်နဲ့ ဆပ်ပြာရေ

သင့်မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ သံပုရာရည်နဲ့ ဆပ်ပြာရေကိုသုံးပြီး သန့်ရှင်းလို့ရပါတယ်။ ရေတစ်ခွက်မှာ ဆပ်ပြာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုရာရည် တစ်ခွက်ကို ရောပြီး လက်သည်းတွေကို ၅ မိနစ်လောက်  စိမ်ပေးပါ။ ပြီးရင် ရေနဲ့သေချာဆေးပြီး Hand Cream လိမ်းပေးပါ။

White Vinegar

အရောင်ပါတဲ့ ရှာလကာရည်တွေက လက်သည်းကိုစွန်းနိုင်တာကြောင့် အရောင်မပါတဲ့ အဖြူရောင် ရှာလကာရည်ကိုသုံးပြီး လက်သည်းကအစွန်းတွေကို အလွယ်တကူ ချွတ်လို့ရပါတယ်။ရေ နွေးနွေး တစ်ခွက်ထဲမှာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ရှာလကာရည်ကိုထည့်လိုက်ပါ။ လက်သည်းတွေကို ရှစ်မိနစ်ခန့်စိမ်ထားပြီး ရေနွေးနွေးနဲ့ လက်ကို ပြန်ဆေးပေးပါ။ လက်ကိုခြောက်အောင်သုတ်ပြီးရင်တော့ Hand Cream or Lotion လိမ်းပေးပါ။

Lemon Juice

အက်စစ်ဓာတ်ပါတဲ့ သံပုရာက လက်သည်းပေါ်က အစွန်းအထင်းတွေကို ကောင်းကောင်းဖယ်ရှားပေးနိုင်ကြောင့် သံပုရာခွံနဲ့ လက်သည်းကို စက္ကန့် 30 မှ 60 လောက်ထိ ပွတ်ပေးပါ ဒါမှမဟုတ် သံပုရာရည်ထဲမှာ ဂွမ်းစကိုနှစ်ပြီး လက်သည်းပေါ်မှာ ပွတ်ပေးပါ။ နာရီဝက်လောက်ကြာရင် ရေနွေးနွေးနဲ့ လက်ကို ပြန်ဆေးပေးပါ။ လက်ကိုခြောက်အောင် သုတ်ပြီးရင်  Hand Cream or Lotion လိမ်းပေးပါ။