တက်တူး နဲ့ပတ်သတ်ပြီး တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်းတူကြမှာမဟုတ်ပါဘူး။ တချို့ကလည်း အရောင်အသွေးစုံလင်တဲ့ ကာလာတက်တူးတွေ တချို့ကလည်း ပုံတူတက်တူးဒီဇိုင်းတွေ တချို့က Polynesian တက်တူးပုံစံတွေ တချို့ကလည်း အရွယ်အစားခပ်သေးသေးနဲ့ ချစ်စရာကောင်းတဲ့ တက်တူးပုံဒီဇိုင်းလေးတွေ စသည်ဖြင့် ဒီဇိုင်းအမျိုးမျိုး အရွယ်အစားအမျိုးမျိုး ကြိုက်နှစ်သက်ကြပါတယ်။
ဒီနေရာကနေ တစ်ခုအကြံပေးချင်တာက အခုမှတက်တူးစထိုးမယ့်သူတွေရော တက်တူးစမ်းထိုးကြည့်ချင်တဲ့ မိန်းကလေးတွေပါ ပထမဆုံးအကြိမ်တက်တူးထိုးတဲ့အချိန်မှာ အရွှယ်အစားခပ်သေးသေး တက်တူပုံဒီဇိုင်းလေးတွေကို ရွေးသင့်ပါတယ်။ တက်တူးနဲ့ပတ်သတ်ပြီး ရင်းနှီးမှုရှိသွားတဲ့နောက်မှ စိတ်ကြိုက်ဒီဇိုင်း အရွယ်အစားတွေကို သေချာစဉ်းစားပြီးထိုးဖို့အကြံပြုချင်ပါတယ်။
ဒီဆောင်းပါးလေးမှာတော့ အခုမှတက်တူးစထိုးမယ့်သူတွေအတွက်ဖြစ်ဖြစ် ပုံသေးသေးလေးတွေကြိုက်သူတွေအတွက်ဖြစ်ဖြစ် သင့်တော်တဲ့ တက်တူးပုံဒီဇိုင်းလေးတွေကိုမျှဝေပေးချင်ပါတယ်။
Image Source: magicorama