မင်္ဂလာပါ…ပျိုမေတို့ရေ… သူငယ်ချင်းတွေနဲ့ ခရီးသွားရင်း ဓာတ်ပုံရိုက်တဲ့အခါ Pose တွေထပ်နေပြီလား ? ထိုင်ပြီးရိုက်ရင်ကော ကိုယ်နေဟန်ထားနဲ့လက်ကို ဘယ်လိုထားရမှန်း မသိဖြစ်နေပြီလား? Instagram မှာ သူငယ်ချင်းတွေနဲ့ ဓါတ်ပုံရိုက်တဲ့အခါ သဘာဝကျကျနဲ့ ပုံကောင်းရဖို့ Pose စဥ်းစားရခက်နေရင် စမ်းကြည့်နိုင်ဖို့ ထိုင်ပြီးရိုက်လို့ရတဲ့ အမိုက်စား Pose လေးတွေဝေမျှပေးလိုက်ပါတယ်နော်…
ရိုးရိုးလေးဘဲ ကုလားထိုင်မှာ ထိုင်လိုက်ပါ။ ပျော်စရာလည်းကောင်းပြီး လွယ်ကူတဲ့ ပုံစံလေးပါဘဲ။ သက်တောင့်သက်သာဖြစ်တဲ့ပုံစံလေးပေါ်အောင် ခြေထောက်လေးကို ချိတ်လိုက်ပါ။
လမ်းဘေးမှာထိုင်ပြီးရိုက်တာက ဘယ်ကိုဘဲရောက်နေပါစေ၊ ဓာတ်ပုံရိုက်ဖို့ ပြီးပြည့်စုံစေတဲ့ ဟန်ပန်ပါပဲ။ အလှဆုံးနေရာကိုရှာပြီး အလှဆုံးပုံလေး ရိုက်လိုက်ပါ။
အဝတ်အစားတွေညစ်ပတ်မှာဆိုးလို့ မထိုင်ချင်ဘူးဆိုရင်တော့ ထိုင်ထရပ်ပုံစံမျိုးလေး စမ်းကြည့်လိုက်ပါ။ လက်လေးကို ခေါင်းနားထားတာမျိုး လက်လေးထောက်ပြီး မေးတင်ထားတာမျိုးလေးကလည်း ပုံလေးကို ပိုပြီး အသက်ဝင်စေပါတယ်။
ကင်မရာကို ကျောပေးထိုင်ပြီး လက်လေးနှစ်ချောင်းထောင်လိုက်ပါ။ Instagram အတွက် အလွယ်ကူဆုံးနဲ့ ချစ်စရာကောင်းလွန်းတဲ့ပုံစံလေးပါဘဲ။ သဘာဝကျတဲ့ ပုံလေးဖြစ်အောင် ခေါင်းလေးဘေးကို နည်းနည်းလောက် ကိုင်းထားလိုက်ပါ။
လှေကားထစ်ပေါ်ထိုင်တဲ့ပုံလေးက ပေါ့ပေါ့ပါးပါး ဖြစ်စေတာမလို့ ချစ်စရာလှေကားထစ်လေးတစ်ခုကိုရှာပြီး ဓာတ်ပုံရိုက်လိုက်ပါ။ ပေါ့ပေါ့ပါးပါးပုံစံလေးဖြစ်အောင် ခြေထောက် တစ်ဖက်ကို ဆန့်ထုတ်ပြီး နောက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါးလေး ကွေးလိုက်ပါ။
လှတဲ့ ပြတင်းပေါက်တစ်ခုကို တွေ့ခဲ့ရင် အဲဒီနေရာမှာ ထိုင်ပြီး ဓာတ်ပုံရိုက်ဖို့ အကြံပေးချင်ပါတယ်။ ပြတင်းပေါက်ကို လှမ်းကြည့်နေတဲ့ပုံလေးက အေးချမ်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။
ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ကိုယ်ဟန်အနေအထားတစ်ခုလိုချင်ရင်တော့ ရိုးရိုးလေးဘဲ တင်ပျဥ်ခွေလေး ထိုင်လိုက်ပါ။ ဘယ်တော့မှမရိုးဘဲ အလွန်ပေါ့ပါးတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။
ရှုခင်းအမျိုးမျိုးနဲ့လည်း အဆင်ပြေ ရိုးရှင်းပြီး သက်တောင့်သက်သာလည်းရှိတဲ့ ကိုယ်ဟန်အနေအထားမျိုးဆိုရင်တော့ ပေါ့ပေါ့ပါးပါးထိုင်ရင်းနဲ့ ဒူးနှစ်ဖက်ပေါ် လက်လေး တင်ထား လိုက်ပါ။ ခါလေးကော့ထားလိုက်ရင်တော့ ကျော့ရှင်းတဲ့ကိုယ်နေဟန်လေး ဖြစ်သွားပြီပေါ့။