အခုက အသက် ၄၀ ကျော်၊ ၅၀ ကျော်တွေတောင် ဖက်ရှင်ကျကျ ဝတ်စားနေကြပါပြီ။ ဒီတော့ ကိုယ်က အသက် ၃၀ ကျော်နေပြီမို့ ဖက်ရှင်ပိုင်းကို သိပ်ပြီးစဉ်းစားမနေတော့ဘူး ဆိုတာမျိုးတွေ မလုပ်ပါနဲ့။ လူတစ်ယောက်ကို ပိုပြီးနုပျိုသွားစေတာ၊ ပြောင်းလဲသွားစေတာလည်း ဖက်ရှင်ပါပဲ။ ဒါကြောင့် အသက် ၃၀ ကျော်ဝန်းကျင်တွေအတွက် အရမ်းဟော့နေတာမျိုးတွေလည်း မဟုတ်ပဲ ဖက်ရှင်ကျလှပနေစေမယ့် ဖက်ရှင်စတိုင်လ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

အေးတဲ့ရာသီဥတုမျိုးမှာဆိုရင် ဆွယ်တာလေးတွေကို ဒီလိုဘောင်းဘီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ရိုးရှင်းပြီး ဖက်ရှင်လည်းကျ၊ လှလည်းလှပါတယ်။

ဂျင်းဘောင်းဘီကို အင်္ကျီအဖြူ လှလှလေးတွေ၊ မိန်းကလေးဆန်တာလေးတွေနဲ့ တွဲဝတ်တာမျိုးက ဘယ်တော့မှရိုးမသွားပဲ ဖက်ရှင်ကျပြီးလှနေမယ့် ဖက်ရှင်စတိုင်လ်လေးဖြစ်လို့ အသက် ၃၀ ကျော်တွေနဲ့ လိုက်ဖက်ပါတယ်။

ဒီလို Jumpsuit အရှည်လေးတွေဆိုလည်း ဝတ်လိုက်ရင် လှပပြီး လုံခြုံနေတာကြောင့် အသက် ၃၀ ကျော်လေးတွေ၊ အတိုမဝတ်တဲ့သူလေးတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင်မျိုးပါ။

ဒီလိုစကပ်လေးတွေက အမြင်မရိုင်းပါဘူး။ ဝတ်လိုက်ရင် မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။ ဒေါက်ဖိနပ်လေးတွေစီးပြီး ဝတ်ကြည့်ပါ။ ငယ်ရွယ်နုပျိုပြီး လှနေမှာပါ။

ဂါဝန်ရှည် ကြိုးတစ်လုံးလေးဆို ပွဲတက်ဝတ်ရင် အရမ်းလှပါတယ်။ ထသွားထလာဆိုလည်း အပေါ်ထပ်လေးတွေ ထပ်ဝတ်လိုက်ရုံပါပဲ။

ဒီလို Middle စကပ်လေးတွေက အသက် ၃၀ ကျော်တွေနဲ့ အရမ်းလိုက်ပါတယ်။ လုံခြုံပြီး မိန်းကလေးဆန်ဆန်နဲ့ လှနေစေလို့ပါ။

စကပ်အတိုလေးတွေဝတ်ချင်တယ်၊ အမြင်လည်းမရိုင်းချင်ဘူးဆိုရင် ဒီလိုလေးဝတ်လို့ရပါတယ်။

ဂါဝန်တိုလေးဝတ်ပြီး အပေါ်ကနေ ကုတ်ထပ်ဝတ်တာမျိုးက ဖက်ရှင်ကျပြီး စမတ်ကျလှပနေစေပါတယ်။ ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပွဲတက်တဲ့အခါမှာပဲဖြစ်ဖြစ် ဝတ်လို့အရမ်းအဆင်ပြေပါတယ်။

ဒီလိုဂါဝန်အရှည်လေးတွေကတော့ အသက် ၃၀ ကျော်တွေကို ပိုမိုနုပျိုသွားစေပြီး ချစ်ဖို့လည်းကောင်း၊ လှလည်းလှနေစေမယ့် ဖက်ရှင်မျိုးပါ။

Photo source: www.pinterest.com