အသက် အရွယ် အပိုင်းအခြား ကွာခြားလာတာနဲ့ အမျှ မိန်းကလေး တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူနိုင်တော့ပါဘူး။ အသက် ၂၅ ကျော် မိန်းကလေးတွေက အရောင်ငြိမ်တဲ့၊ သိပ်မထိန်းသိမ်းရတဲ့ လက်သည်းနီတွေကို ကြိုက်လေ့ရှိကြပေမယ့် အသက်ငယ်တဲ့ မိန်းကလေးတွေကတော့ အရုပ်ကလေးတွေ၊ အရောင်စုံတဲ့ လက်သည်းနီ ဒီဇိုင်းလေးတွေကို ကြိုက်လေ့ရှိကြပါတယ်။ ဘယ်လိုပုံစံကိုပဲ ကြိုက်ကြိုက် လှပတဲ့ လက်သည်းနီတွေက သင့် ယုံကြည်မှုတက်စေတဲ့ အချက်ကတော့ ငြင်းမရတဲ့ အချက်တစ်ချက်ပါ။
လက်ကလေးကို ငုံ့ကြည့်လိုက်တာနဲ့ လက်သည်းနီ လှလှလေးကို မြင်ရတာက သင့်ကို စိတ်ချမ်းသာစေနိုင်သလို၊ လက်ဟန်နဲ့ စကားပြောတဲ့အခါလည်း သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိစေပါတယ်။ လူတွေက ကိုယ့် လက်သည်းလှလှလေးကို ငေးနေမလား ဆိုတဲ့ အတွေးလှလှလေးကိုလည်း လက်သည်းနီ ဆိုးလေ့ရှိတဲ့ မိန်းကလေးတွေ တွေးလေ့ရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ လက်သည်းနီပုံစံကိုမှ အသက် ၁၅၊ ၁၆ လူငယ်ကောင်မလေးတွေ နှစ်သက်လောက်မယ့် ချစ်စရာ လက်သည်းနီ ပုံစံတွေကို ဖော်ပြပါရစေ။
အပြာနဲ့ အဖြူ အရောစပ်လေး
ဒီဘောင်ခပ်ထားတဲ့ လက်သည်းနီ စတိုင်လေးက လူငယ်မိန်းကလေးတွေနဲ့ လိုက်ဖက်မယ့် ပုံစံ ဖြစ်ပါတယ်။
ချစ်ဖို့ကောင်းတဲ့ Unicorn အရောင်လေး
လက်သည်းရှည်မထားတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် ပုံစံလေး ဖြစ်ပါတယ်။
အပြာရောင် ဖျော့ဖျော့လေး
အရောင်စုံပါတဲ့ လက်သည်းလေးတွေကို နှစ်သက်ရင် ဒီပုံစံလေး ဆိုးနိုင်ပါတယ်။
ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းနီပုံစံ
ပန်းရောင်နုနုလေး
ကလေးဆန်တဲ့ ကောင်မလေးတွေနဲ့ အပြည့်အဝ လိုက်ဖက်မယ့် လက်သည်းနီပုံစံလေး ဖြစ်ပါတယ်။
ဘာဘီရုပ်လေးတွေလို မျက်နှာပေါက်ရှိတဲ့ ကောင်မလေးတွေ ဆိုးနိုင်မယ့် ပုံစံဖြစ်ပါတယ်။
တည်ငြိမ်တဲ့ အသက် ၁၅၊ ၁၆ ကောင်မလေးတွေ နှစ်သက်မယ့် ပုံစံ ဖြစ်ပါတယ်။
အရောင်လွင်လွင်လေးတွေ နှစ်သက်ရင် Try ကြည့်သင့်တဲ့ ပုံစံလေး
Photo Source: Pinterest
By MyStyle Myanmar