Trend အလိုက်ဖက်ရှင်အကြောင်းတွေ စိတ်ဝင်စားကြတဲ့ ပျိုမေတို့ရေ။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် လာမယ့်နှစ်အတွင်း ရေပန်းအစားဆုံးဖြစ်လာမယ့်အရောင်တစ်မျိုးအဖြစ် သတ်မှတ်ခံထားရတဲ့ Viva Magenta အသည်းကွဲရောင် ဖက်ရှင်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။
အသည်းကွဲရောင်လေးက အနီရောင်နဲ့ ပန်းခရမ်းတို့ ပေါင်းထားသလို ကာလာဆန်းဆန်းလေးဖြစ်တာမို့ ပွဲသွားပွဲတက် Outfit အရောင်အနေနဲ့ ရွေးဖို့အတွက် အရမ်းအဆင်ပြေပါတယ်။ စိုစိုတောက်တောက်လေးဖြစ်လို့ ဓာတ်ပုံရိုက်လို့လည်း လှသလို ဝတ်လိုက်တာနဲ့ လူတွေကြားထင်းတဲ့ ဖက်ရှင်မျိုးပိုင်ဆိုင်ရမှာပါ။ ဒီတော့ နှစ်သစ်မှာ ခေတ်နဲ့အညီစတိုင်ကျစေမယ့် အသည်းကွဲရောင် ဖက်ရှင်အတွဲအစပ်လေးတွေကို ကြည့်လိုက်ရအောင်နော်-
Photo Source: Pinterest
By MyStyle Myanmar