ဆောင်းရာသီမှာ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ Makeup Look မျိုးကို ပြင်ချင်တဲ့သူတွေအတွက် အရမ်းလှတဲ့ Winter Flush Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ အရမ်းအေးတဲ့ နေရာဒေသတွေကို ခရီးသွားတဲ့အခါမှာ ဒီ Makeup Look လေးကို ပြင်ကြည့်လို့ရသလို ဒီတိုင်းလည်း Winter Look အတွက် ပြင်လို့ရပါတယ်။

အရင်ဆုံး Toner, Serum, Moisturizer လိမ်းပြီး နေ့ဘက်ကို Sunscreen လိမ်းပေးပါ။ ပြီးရင် မိတ်ကပ်သားညီပြီး ကြာရှည်ခံအောင် Primer လိမ်းပေးပါ။

ပြီးမှ ကိုယ်လိမ်းနေကျ Foundation လိမ်းပြီး မျက်ကွင်းညိုတဲ့နေရာနဲ့ အမဲစက်တွေကိုဖုံးဖို့ Concealer လိမ်းပေးပါ။

ပါးနီကို ဒီမှာတော့ Cream Blush လေးနဲ့ အရင်သုံးပါတယ်။

ပြီးမှ Powder Brush ကို ထပ်လိမ်းပါတယ်။နှာခေါင်းနေရာလေးတွေကိုပါ ပုံမှာလိမ်းပြထားသလိုလေး လိမ်းပေးပါ။ ပါးနီလေး ထင်းနေရင် ပိုလှပါတယ်။

Eyeshadow အသားရောင်ကို မျက်ခွံမှာခြယ်ပြီး မျက်လုံးအောက်နားလေးမှာ ခြယ်ပါမယ်။

Gel Eyeliner နဲ့ မျက်လုံးအတွင်းသားကို ကပ်ဆွဲပေးပါ။ ပြီးရင် အချွန်လေးထွက်အောင် ပါးပါးလေးဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မျက်နှာအတွက် အသက်ဖြစ်တဲ့ မျက်ခုံးမွှေးကို ဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာ သဘာဝဆန်ဆန်လေးဖြစ်အောင် ဆွဲပေးပါ။

နှာတံဖော်ဖို့ Palette အညိုအဖျော့ (သို့) အသားရောင်လေးကိုပဲ သုံးပေးပါ။

Highlighter အဖြူ (သို့) Glitter Eyeshadow အဖြူလေးကို မျက်လုံးအရှေ့ထောင့်လေးမှာ ခြယ်ပေးပါ။ ဒါက Winter Flush Makeup Look အတွက် အသက်ပါပဲ။

Highlighter အဖြူလေးနဲ့ ပါးရိုးနှစ်ဖက်၊ နှာတံ၊ မေးစိနဲ့ မျက်ခုံးအောက်နားလေးတွေ၊ မျက်ခုံးနှစ်ဖက်ကြား နေရာလေးတွေကို နည်းနည်းစီခြယ်ပေးပါ။ ဒါမှ လင်းပြီး Glow နေမှာပါ။

နှုတ်ခမ်းနီကို Matte Type လုံးဝမဆိုးပါနဲ့။ အညိုဘက်သွားတဲ့ Lip Gloss, Lip Tint လေးတွေ ဆိုးပေးပါ။

ဒါဆိုရင်တော့ ဆောင်းရာသီအတွက်အရမ်းလှတဲ့ Winter Flush Makeup Look ကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။