ဆောင်းရာသီဆိုရင် လူအများစုဟာ ဝိတ်တက်လာတယ်ဆိုတဲ့ ခံစားချက်ကို ခံစားမိလေ့ရှိကြပါတယ်တဲ့။ အေးတဲ့လတွေမှာ ပေါင်ချိန်စက်ပေါ် တက်ကြည့်လိုက်တာနဲ့ အရင်ထက် ဝိတ်တက်လာတတ်တာကို လူအများစု ကြုံရလေ့ရှိပါတယ်။

ဒီအချက်တွေကတော့ ဆောင်းရာသီမှာမှ ဘာကြောင့် ဝိတ်ပိုတက်လာရတာလဲ သဘောပေါက်သွားစေမယ့် အချက်တွေ ဖြစ်ပါတယ်။

၁။ လူတွေဟာ ဆောင်းရာသီ ရောက်တဲ့အခါ နွေရာသီထက် ပိုအိပ်တတ်ကြပါတယ်။ ဒီကနေ တစ်ဆင့် လှုပ်ရှားမှု နည်းတာကြောင့် ဝိတ်တတ်တဲ့အဆင့်ကို ရောက်နိုင်ပါတယ်။

၂။ ဆောင်းရာသီဆိုရင် ချမ်းစိမ့်စိမ့်ကြီးနဲ့ မလှုပ်ချင်တော့ဘဲ အေးအေးဆေးဆေးလေးပဲ နေချင်တဲ့ စိတ်ကို လူအများစု ကြုံရတတ်တာကြောင့် ဝိတ်တက်လာနိုင်ပါတယ်။

၃။ တချို့လူတွေဟာ အေးတဲ့နေ့၊ တိမ်အုံ့မှိုင်းတဲ့ နေ့တွေမှာ စိတ်ဓာတ်ကျသလိုလို၊ လွမ်းသလိုလို ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ မလှုပ်ရှားချင်တော့ဘဲ ဝိတ်တက်လာတတ်ပါတယ်။

၄။ များသောအားဖြင့် ဆောင်းရာသီမှာ ပိတ်ရက်တွေ ရှိတာကြောင့် အိမ်မှာနေရင်း ပို စားတတ်တာကြောင့် ဝိတ်တက်လာလေ့ရှိပါတယ်။

၅။ အေးတဲ့ ရာသီမှာ ပိုဇိမ်ခံချင်စိတ် ဖြစ်ပြီး ဇိမ်ခံနိုင်တဲ့ အစားအသောက်တွေကို ပိုစားလေ့ရှိကြပါတယ်။ ဒီလိုနဲ့ ဝိတ်တက်လာနိုင်ပါတယ်။

၆။ ဆောင်းရာသီမှာ ပွဲတွေ ပိုများလေ့ရှိပြီး လူတွေဟာ အသောက်အစား များလေ့ရှိသလို ဘာမှ မလုပ်ဖြစ်တဲ့နေ့တွေမှာတောင် သောက်မိဖို့ အခွင့်အလမ်း များလေ့ရှိပါတယ်။

၇။ ဆောင်းရာသီ ပိတ်ရက်နီးတဲ့အချိန် အလုပ်ခွင်တွေဟာ ဝန်ထမ်းတွေအတွက် အစားအသောက်တွေ စီစဉ်ပေးတာ၊ ဝန်ထမ်းတွေ အတွက် ပွဲလုပ်ပေးတာတွေ ရှိတတ်ပါတယ်။ ဒီလိုနဲ့ လူအများစုဟာ ကိုယ်အလေးချိန် တက်လာတတ်ကြပါတယ်။

၈။ ဒီအကြောင်းအရင်းကတော့ တိလေးတွေ ရှိတဲ့ သူတွေအတွက်ပါ။ တိလေးတွေဟာ ဆောင်းရာသီမှာ လမ်းခဏပဲ လျှောက်လေ့ရှိတာကြောင့် သခင်တွေဟာ တိလေးတွေနဲ့အတူ လှုပ်ရှားမှု နည်းသွားလေ့ရှိပါတယ်။

၉။ အပေါ်က အချက်တွေမှာ ပြောခဲ့သလိုပဲ ဆောင်းရာသီမှာ ပွဲတော်တွေ များတာကြောင့် အချိုပါတဲ့ အစားအသောက်တွေကို လူအများစု ပိုစားကြလေ့ရှိပါတယ်။

၁၀။ ဆောင်းရာသီမှာ နေ့တာတိုပြီး ညတာ ရှည်လေ့ရှိကာ အလင်းရောင်ရတာ နည်းတာကြောင့် လူတွေဟာ လေ့ကျင့်ခန်း လုပ်ချင်စိတ် သိပ်မရှိကြပါဘူး။

၁၁။ ဆောင်းရာသီမှာ လတ်ဆတ်တဲ့ အသီးတွေ အထွက် နည်းသွားလေ့ရှိတာကြောင့် သင်က ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို ပိုစားမိလေ့ရှိပြီး ဒီလိုနဲ့ ဝိတ်တက်လာနိုင်ပါတယ်။

၁၂။ ဆောင်းရာသီဆိုရင် အေးတဲ့နေ့တွေမှာ အဝတ်တစ်လွှာထက် ပိုဝတ်ရတာကြောင့် အဆီကို ကွယ်လိုက်ရာ ရောက်ပြီး ဝိတ်ချဖို့ မေ့လေ့ရှိကြပါတယ်။

၁၃။ ဆောင်းရာသီမှာ လူတွေဟာ အပြင်ပိုထွက်ပြီး ဆိုင်ထိုင်လေ့ရှိပါတယ်။ ဒီလိုနဲ့ အပြင်စာ စားတာ ပိုများပြီး ဝိတ်တက်လာလေ့ရှိပါတယ်။

၁၄။ သင်က သက်တောင့်သက်သာ ဖြစ်တဲ့ အစားအသောက်တွေကို ဆောင်းရာသီမှာ စားလေ့ရှိပါတယ်။ ဒီ သက်တောင့်သက်သာ ဖြစ်တဲ့ အစားအသောက်တွေမှာ ဆိုဒီယမ်ပါဝင်မှု များပြီး ဗိုက်ပူလာစေနိုင်ပါတယ်။

၁၅။ ခရစ်စမတ်ပွဲမှာ ပါဝင်တတ်တဲ့ သူတွေဟာ အစားအသောက်ပိုစားလေ့ရှိတာကြောင့် ဝိတ်တက်လာတတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar