ကမာကောင်လေးတွေရဲ့ မျက်ရည်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပုလဲလေးတွေဟာ မိန်းကလေးတွေရဲ့ သဘောအကျဆုံး လက်ဝတ်ရတနာတွေထဲမှာ တစ်ခုအပါအဝင်ပါ။ ဘယ်အချိန်ဝတ်ဝတ် ရိုးသွားတယ်ဆိုတာ မရှိအောင် အမြဲလှနေတာက ပုလဲလေးတွေပါ။ ရိုးရှင်းတဲ့ပုလဲလေးတွေကို Morden Outfits တွေနဲ့ တွဲဝတ်တဲ့အခါ လိုက်ဖက်ညီအောင်လို့ ဘယ်လိုဝတ်ဆင်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Blue Jeans

ခပ်မိုက်မိုက် ဂျင်းအပြာလေးကို ရိုးရှင်းတဲ့ ပုလဲလေးနဲ့တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ ရဲရင့်ပြီးခမ်းနားတဲ့ အသွင်ကို ရစေပါတယ်။

Casual Trench

Trench ဟာ တည်ငြိမ်တဲ့ဟန်ပန်ရှိတာမလို့ ပုလဲနားကပ် သေးသေးလေး၊ ပုလဲဆွဲသီးပါတဲ့ ရွှေကြိုးတို့နဲ့ တွဲဖက်ဝတ်လိုက်ရင်တော့ တက်ကြွနေတဲ့ဟန်ပန်ကို အပြည့်အဝရစေမှာပါ။ ဒါမှမဟုတ် ပုလဲနားကပ် လေးကိုမှ  ပုလဲလည်ဆွဲဖြူဖြူအရှည်လေးနဲ့ တွဲဖက်လိုက်ရင်တော့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံအဖြစ် ပြောင်းလဲစေမှာပါ။

T-Shirt

ရုတ်တရက်ဆိုရင်တော့ T-Shirt နဲ့ ပုလဲ ဟာ မလိုက်ဖက်ဘူးလို့ ထင်ကောင်းထင်ရပေမယ့် ပုလဲ choker ဒါမှမဟုတ် ရိုးရိုးအဖြူရောင်ပုလဲလည်ဆွဲနဲ့ တွဲဖက်ဝတ်ကြည့်လိုက်ပါ။ မှော်ဆန်ဆန် လှနေမှာ အသေချာပါဘဲ။ အင်္ကျီအရောင်နဲ့လိုက်ပြီး ပုလဲအရောင်ကိုလည်း ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။

V-Neck Top

ကျော့ရှင်းတဲ့အလှကို ပေါ်လွင်စေဖို့  V-Neck Top ဝတ်တဲ့အခါ ပုလဲဆွဲကြိုးလေးကို ဝတ်ကြည့်လိုက်ပါ။ သေချာပေါက် သင့်ရဲ့ V-Neck အပေါ်ပိုင်းကို ချက်ချင်းပေါ်လွင်စေမှာ သေချာပါတယ်။ လိုက်ဖက်တဲ့ ပုလဲလက်ကောက်ကိုလည်း  ဝတ်ဆင်နိုင်ပါသေးတယ်။

Colorful Modern Outfits

Colorful Modern Outfits တွေ ဝတ်တဲ့အခါ Accessories အတွက် စဥ်းစားရခက်နေပြီဆိုရင်တော့ ပုလဲအဖြူနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်နိုင်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ဟန်ပန်အတွက်ဆိုရင်တော့ ရောင်စုံပုလဲတွေကိုလည်း ရွေးချယ်လို့ရပါတယ်။ ဝတ်တဲ့အခါ လက်စွပ်နဲ့လက်ကောက် သင်ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်လို့ရပေမယ့် လည်ဆွဲနှင့် နားကပ်ကိုတော့ မဖြစ်မနေ ဝတ်ဆင်ပေးသင့်ပါတယ်။