သင့်ရဲ့တစ်နေ့တာကို စိတ်ညစ်စရာတွေနဲ့ စတင်လိုက်မယ်ဆိုရင် သင့်ရဲ့တစ်နေ့တာလုံးဟာ စိတ်ညစ်စရာတွေနဲ့ဘဲ ကုန်ဆုံးသွားမှာပါ။ ဒါပေမယ့် စိတ်ကြည်ကြည်လင်လင်နဲ့ စတင်ခဲ့မယ်ဆိုရင်တော့ တစ်နေ့လုံးမှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို ဖြေရှင်းဖို့ Energy တွေလုံလောက်နေမှာပါ။ Energy အပြည့်နဲ့ မနက်ခင်းမှာ စတင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အကျင့်တွေကို မနက်တိုင်းမှာပြုလုပ်တာဟာ ကောင်းမွန်တဲ့တစ်နေ့တာကိုစတင်ဖို့ အထောက်ကူဖြစ်စေပါတယ်။ ဒါကြောင့် မနက်တိုင်းမှာ လုပ်သင့်တဲ့အလေ့အကျင့်များကို ဖော်ပြလိုက်ပါတယ်။

၁,ရေနွေးနွေးလေးသောက်ပေးပါ

သင့်ရဲ့မနက်ခင်းကို ရေနွေးနွေးတစ်ခွက်နဲ့ စတင်တာက အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ တစ်ညလုံးအနားယူထားတဲ့ သင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးရုံသာမက အစာခြေစနစ်ကို ကောင်းမွန်စေပြီး သင့်ဇီဝဖြစ်စင်ကိုလည်း အကောင်းဆုံးဖြစ်စေပါတယ်။ တကယ်လို့ ရေနွေးအတိုင်း သောက်ရတာမကြိုက်ရင်တော့ သံပုရာသီးတစ်ခြမ်းထည့်သောက်ပေးပါ။ ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်။

၂.သင်နှစ်သက်တဲ့အရာကို ၅ မိနစ်လောက်လုပ်ပေးပါ

မနက်စောစောမှာ သင်ကြိုက်တဲ့အရာတစ်ခုကိုလုပ်လိုက်တာက စိတ်ဖိစီးမှုနဲ့နှလုံးခုန်နှုန်းကိုကျစေပြီး ပျော်ရွှင်တဲ့ခံစားချက်ကိုတိုးစေတာမလို့ သင်ချစ်တဲ့အရာတစ်ခုခုကို လုပ်ခြင်းအားဖြင့် သင့်တစ်နေ့တာကို စတင် လိုက်ပါ။

၃.အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ

ကျွန်ုပ်တို့ မဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်တဲ့ အသက်ရှူခြင်းနဲ့ သင့်ရဲ့တစ်နေ့တာကို စတင်လိုက်ပါ။ ဒီလိုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အသက်ပြင်းပြင်းရှူလေ့ကျင့်ခန်းကို လေ့ကျင့်ပေးတာပါပဲ။

၄.မနက်စာကိုမျှတအောင်စားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာစားခြင်းက ကျွန်ုပ်တို့ကို စွမ်းအင်နဲ့မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေ ပေးတဲ့အပြင် ဖျားနာမှုကိုလည်း လျော့ကျစေပါတယ်။ မနက်စာကိုမျှတအောင်စားတာက ဆာလောင်မှုကို လျှော့ချပေးပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာမှာ အစေ့အဆန်တွေ ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတို့ပါဝင်ပါတယ်။

၅.ရေပူရေအေးတစ်လှည့်စီချိုးပေးပါ

ရေအေးနဲ့ရေချိုးတာက နာကျင်ကိုက်ခဲမှုတွေ ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး သွေးလည်ပတ်မှုနဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ရေအေးနဲ့ ရေချိုးခြင်းက အမျိုးသမီးတွေအတွက် ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာကိုတော့ ဆိုးဝါးစေပါတယ်။ ဒါပေမယ့် ရေအေးနဲ့ ရေချိုးခြင်းကနေရရှိတဲ့ အကျိုးကျေးဇူး တွေကလည်းများတာမလို့ ရေချိုးတဲ့အခါ ရေပူနဲ့ရေအေးကို အတတ်နိုင်ဆုံး အလှည့်ကျ ချိုးပေးပါ။ မနက်ခင်းမှာ ရေပူရေအေးချိုးခြင်းက သင့်ကိုနိုးကြားစေပြီး အားအင်ပြည့်စေရုံသာမက သင့်အသားအရေကို တင်းရင်းတောက်ပစေမှာပါ။