တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲလာတဲ့မိတ်ကပ်ဖန်တီးမှုတွေ၊ ခေတ်စားလာမှုတွေကို မှီအောင်လိုက်နိုင်မှ ကိုယ်လည်းသူများတွေလို လှပနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင်လည်း မိန်းကလေးတွေကြားထဲမှာ ပိုပြီးတော့ရေပန်းစားလာတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေဆိုတာရှိလာနိုင်တာကြောင့်လည်း ကိုယ်တိုင်ကသိအောင်လုပ်ထားဖို့ လိုပါလိမ့်မယ်။

နှုတ်ခမ်းနီကနေရာတိုင်းမှာ

အရင်ကဆိုရင်တော့ နှုတ်ခမ်းနီကိုနှုှတ်ခမ်းမှာဆိုးဖို့လောက်ပဲ အသုံးပြုကြတာများတယ်လေ။ ဒါပေမယ့် ဖန်တီးတီထွင်လာနိုင်တဲ့နောက်ပိုင်းမှာတော့ နှုတ်ခမ်းနီတွေကိုပါးနီအဖြစ် အစားထိုးသုံးစွဲလို့လည်း ရလာတာမျိုးတွေကို တွေ့မြင်လာရပါတယ်။

အရောင်တောက်တောက်တွေ

မိတ်ကပ်ပြင်ဆင်မှုတွေမှာ အရင်ကလိုမျိုးအရောင်ဖျော့ဖျော့လေးတွေကို မသုံးတော့ပဲ ပိုပြီးထင်ရှားပြီး ပြင်ဆင်ချယ်သလို့ကောင်းတဲ့ အရောင်မျိုးတွေကိုသုံးပြီး ပြင်ဆင်လာတာကိုလည်း မြင်တွေ့လာရပါတယ်။

ရှည်လျားတဲ့မျက်တောင်တွေ

အရင်ကမိတ်ကပ်ပြင်ဆင်မှုတွေမှာ မျက်တောင်ကိုဦးစားပေး ပြင်ဆင်နေတာမျိုးတွေမရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ရှည်လျားတဲ့မျက်တောင်ပုံစံတွေကြောင့် မိန်းကလေးတိုင်း မျက်တောင်တွေကိုဆက်လာကြပါတယ်။ အရင်ကတော့ မျက်တောင်မရှည်နေလည်း မျက်တောင်တုတပ်တာမျိုးတွေလုပ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ပိုပြီးတော့သဘာဝကျတဲ့ မျက်တောင်ဆက်တာတွေကိုပဲ ရွေးချယ်လာကြပါတယ်။

အထူကြီးမဟုတ်တဲ့မိတ်ကပ်

မိတ်ကပ်တွေကိုလိမ်းခြယ်ကြတဲ့အခါမှာ အရင်ကလိုမျိုး အထူကြီးတွေလိမ်းတာမျိုးတွေမရှိတော့ပဲ ပေါ့ပေါ့ပါးပါးနဲ့ မိတ်ကပ်တွေကိုပါးပါးလေးနဲ့ သဘာဝတိုင်းလှတာမျိုးတွေကိုပဲ ပြင်ဆင်ခြယ်သလာကြတာများပါတယ်။

ပြောင်နေတဲ့မျက်နှာမျိုး

အသားအရေက မှန်လိုမျိုးကြည်လင်နေတာမျိုးတွေ ခေတ်စားလာတော့ မိတ်ကပ်ပြင်ဆင်မှုတွေကအစ Glow ဖြစ်စေမယ့်ဘက်တွေကို ပိုရောက်လာကြတာများပါတယ်။ မျက်နှာကိုပြောင်ပြောင်လေးဖြစ်အောင် Skin Care တွေသုံးမယ်၊ မိတ်ကပ်လိမ်းရင်လည်း Highlight လေးတွေထည့်တာမျိုးတွေလည်း ရှိလာတယ်လေ။

Photo Source: Shuterstock