လက်သည်းရှည်နေမှ ပုံဖော်လို့ရတာ မဟုတ်ပါဘူး။ လက်သည်းအရှည်မထားလည်း ပုံဖော်လို့ရပါတယ်။ လက်သည်းတိုတိုလေးတွေနဲ့ ပုံဖော်ရင် ပိုပြီးတောင် ချစ်ဖို့ကောင်းပါသေးတယ်။ ဒါကြောင့် လက်သည်းအရှည်မထားလည်း ပုံဖော်လို့ရတဲ့ ချစ်စရာ လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အရုပ်ပုံလေးတွေနဲ့ ပုံဖော်ရတာကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးက ချစ်ဖို့ကောင်းပါတယ်။ ဒီဇိုင်းစုံပြီး လူငယ်ဆန်ပါတယ်။
အနက်ရောင်ကြိုက်ရင်တော့ Matte Type ဆိုးပြီး ဒီလိုလေးပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။
အရောင်ထင်းတာတွေမကြိုက်ဘူး၊ အရုပ်ပုံလေးတွေ ပုံဖော်ရတာတော့ ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ လက်သည်းအရှည်မထားလည်း လက်သည်းခွံကြီးရင် ပုံဖော်လို့အဆင်ပြေပါတယ်။
Strawberry ဒီဇိုင်းလေးပုံဖော်ထားတာမို့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
အစိမ်းရောင်ကြိုက်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအတိုလေးတွေနဲ့ဆို ပိုတောင်ချစ်ဖို့ကောင်းနေပါသေးတယ်။
အရောင်ငြိမ်ငြိမ်နဲ့ ဒီဇိုင်းငြိမ်တာလေးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။
လက်သည်းအရှည်လည်းမထားဘူး၊ လက်သည်းခွံလည်းမကြီးဘူးဆိုရင် ဒီလိုလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။
ဒီလက်သည်းဒီဇိုင်းလေးကလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတာပါပဲ။
အရောင်စုံလေးဆိုးပြီး ပုံဖော်ထားတာဖြစ်လို့ တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းသလို လူငယ်လည်းဆန်ပါတယ်။
ခရမ်းရောင်လေးနဲ့ လုံးဝကို Cute Type ဖြစ်အောင် ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။
Photo source:www.pinterest.com