ညဘက်တွေမှာ ကောင်းကောင်းအိပ်စက်နိုင်ဖို့ဆိုတာ အိပ်တဲ့အခါ သက်တောင့်သက်သာနဲ့ အိပ်ချိန်ပုံမှန်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အိပ်ရာဝင်ချိန်ပုံမှန်ရှိခြင်းက ကိုယ်ခန္ဓာနှင့်စိတ်ကို အကောင်းဆုံးအိပ်စက်ဖို့အတွက် ပြင်ဆင်ပေးရုံသာမက စိတ်ချလက်ချအိပ်ဖို့အတွက်လည်း တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်မှန်စေဖို့နဲ့ သက်တောင့်သက်သာ အိပ်ရာဝင်နိုင်စေဖို့ အိပ်ရာမဝင်ခင်လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁.ခြေထောက်ကို ရေနွေးနွေးလေးနဲ့ ဆေးပေးပါ
ခြေထောက်ကိုရေဆေးခြင်းက ဂျပန်နဲ့တရုတ်တို့မှာ အလွန်ရေပန်းစားတဲ့ အလေ့အကျင့်တစ်ခုပါ။ ညဘက် ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် ခြေထောက်ရေဆေးတာက သက်တောင့်သက်သာ ဖြစ်စေရုံသာမကဘဲ ခြေဖဝါးတွေ ပင်ပန်းနွယ်နယ်နေတာကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
၂.အသက်ခပ်ပြင်းပြင်းရှူပါ
စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးမှုများတာတွေကလည်း ညဘက်အိပ်မပျော်ြဖစ်ရခြင်းရဲ့ အကြောင်းတွေထဲကတစ်ခုပါပဲ။ နှလုံးခုန်နှုန်းကိုလျှော့ချဖို့နဲ့ သွေးဖိအားကိုတည်ငြိမ်ဖို့အတွက်ဆို အိပ်ရာဝင်ခါနီးတိုင်းမှာ အသက်ကို ခပ်ပြင်းပြင်းလေးရှူပေးပါ။ အိပ်ရာမဝင်ခင်မှာတင်မဟုတ်ဘဲ အချိန်မရွေး စိတ်တည်ငြိမ်အောင်လုပ်ဖို့ဆို အသက်ပြင်းပြင်းရှူတာက အကောင်းဆုံးပါပဲ။
၃. Pet လေးတွေနဲ့ အချိန်ဖြုန်းပါ
အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ သင့်ရဲ့နှလုံးသားကိုအရည်ပျော်စေနိုင်သလို သင့်ရဲ့စိတ်ဖိစီးမှုကိုလည်း ပြေပျောက်စေနိုင်ပါတယ်။ ညတိုင်းအိပ်ရာမဝင်ခင်မှာ ကြောင်လေး ခွေးလေး တွေနဲ့ ကစားပေးတာ ဒါမှမဟုတ် ၁၀မိနစ်လောက်အချိန်ဖြုန်းတာက စိတ်ဖိစီးမှုတွေ ၊ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတွေကို လျှော့ချဖို့အတွက် လုံလောက်ပါတယ်။ ဒါကြောင့် သင့်မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ရှိတယ်ဆိုရင် အိပ်ရာမဝင်ခင် ဖုန်းကိုချပြီး သူတို့ကိုအချိန်ပိုပေးလိုက်ပါ။
၄.အကြောဆန့်ပေးပါ
လေ့လာမှုမျတွေအရ အကြောဆန့်ခြင်းက အိပ်မပျော်ခြင်းရဲ့လက္ခဏာတွေကိုလျှော့ချဖို့ ကူညီပေးနိုင်ပြီး ကောင်းကောင်းအိပ်နိုင်ဖို့ကို ကူညီပေးနိုင်ပါတယ်။ အိပ်ရာမဝင်ခင် လုပ်သင့်တဲ့ အကောင်းဆုံးအရာတွေ ထဲကတစ်ခုမလို့ အကြောဆန့်ခြင်းက သင့်ကိုကောင်းစွာအိပ်ပျော်စေမှာပါ။
၅. Relax ဖြစ်စေတဲ့ သီချင်းလေးတွေ နားထောင်ပေးပါ
အိပ်ရာမဝင်ခင် ၄၅မိနစ်လောက် သီချင်းနားထောင်ပေးတာကလည်း အိပ်စက်ခြင်းအပေါ် ကောင်းစွာသက်ရောက်မှုရှိပါတယ်။