ဆောင်းရာသီရဲ့အအေးဓာတ်က မျက်နှာအသားအရည်တွေကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒီလို ခြောက်သွေ့နေတဲ့အသားအရည်ကို ပျောက်စေဖို့အတွက်အဓိကအချက်က Moisturizer ပါ။ သင့်ရဲ့ အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး ကြည်လင်တောက်ပနေဖို့အတွက် Moisturizer ကို မဖြစ်မနေသုံးပေးပါ။ ဆောင်းတွင်းမှာ အသားအရေ ခြောက်သွေ့ခြင်းကနေ ကင်းဝေးစေဖို့ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
၁.နူးညံ့တဲ့ပါဝင်ပစ္စည်းတွေပါဝင်တဲ့ Exfoliator ကို ရေနွေးနွေးလေးနဲ့ အသုံးပြုပေးပါ
မျက်နှာသစ်တဲ့အခါ ပုံမှန် Exfoliate လုပ်ဖို့ အရေးကြီးပေမယ့် abrasive formula တွေက ခြောက်သွေ့တဲ့အသားအရေအတွက်တော့ မသင့်တော်ပါဘူး။ Glycolic နှင့် Lactic acids တို့ပါဝင်တဲ့ ဆဲလ်သေများကိုဖယ်ရှားပေးပြီး နူးညံ့ချောမွေ့သောအသားအရေကို ဖြစ်စေတဲ့ Exfoliator မျိုးကို ရွေးချယ်သင့်ပါတယ်။ Lactic acid က Glycolic ထက် ပိုပြီး နူးညံ့ပေမယ့် နှစ်ခုလုံးက အစိုဓာတ်ကို အရေပြားအတွင်းသို့ ပိုမိုလွယ်ကူစွာ စိမ့်ဝင်စေနိုင်ပါတယ်။
၂. မျက်နှာသစ်တဲ့အခါ Cleanser ကို အများကြီးမသုံးပါနဲ့
မျက်နှာသစ်ဆေးသုံးတဲ့အခါ ပမာဏအများကြီးမသုံးဘဲ လုံလောက်တဲ့ပမာဏကိုဘဲ သုံးပေးပါ။ မျက်နှာပေါ်က အညစ်အကြေးတွေကိုဖယ်ရှားတဲ့အခါ အတင်းကြီးမပွတ်ဘဲ ညင်သာစွာပွတ်ပေးပါ။ မျက်နှာသစ်ဆေး ရွေးတဲ့အခါ အမွှေးနံ့ပါတာထက် အစိုဓာတ်ထိန်းတဲ့ဖော်ြမူလာပါတဲ့ မျက်နှာသစ်ဆေးကို အဓိကရွေးချယ်သင့်ပါတယ်။ မျက်နှာသစ်တဲ့ အခါ ရေနွေးနွေးလေးနဲ့သစ်ပေးပါ။ ရေနွေးနဲ့သစ်တာက အသားအရည်ထိန်းသိမ်းဖို့အတွက် ကြီးကြီးမားမားမဟုတ်ပေမယ့် ခြောက်သွေ့တဲ့အသားအရည်ကိုတော့ ထိ်န်းသိမ်း ပြီးသား ဖြစ်ပါတယ်။
၃.မျက်နှာသစ်ပြီးပြီးချင်း Moisturizer ကို သုံးပေးပါ
မျက်နှာသစ်ပြီးတာနဲ့ ချက်ချင်း Moisturizer ကို သုံးပေးဖို့ မမေ့ပါနဲ့နော်။ မျက်နှာသစ်ဆေး ကနေ Serum သို့မဟုတ် Moisturizer သို့ တိုက်ရိုက်သွားမည့်အစား သင့်အသားအရေကို ရေဓာတ်ထိန်းသိမ်းဖို့ အဓိကကျတာကတော့ Moisturizing Essence ပါ။ သန့်စင်ပြီးတာနဲ့ သင့်အသားအရေထိန်းသိမ်းမှုရဲ့ ပထမအဆင့်အနေနဲ့ အသုံးပြုတဲ့အခါ အရေပြားမှာပါတဲ့ Moisturizer နဲ့ Serum တွေကို အပြည့်အဝစုပ်ယူနိုင်ပါတယ်။
၄.ညဘက်တွေမှာ Sleep Mask သုံးပေးပါ
ညဘက်တွေမှာ Sleep Mask ကို မှန်မှန်သုံးပေးခြင်းက မျက်နှာရဲ့အစိုဓာတ်ကို တညလုံး ထိန်းသိမ်းပေးနိုင်ပါတယ်။