ဆံပင်နဲ့ဦးရေပြားအကြောင်းပြောကြတဲ့အခါ တစ်ပတ်မှာဘယ်နှစ်ကြိမ် ခေါင်းလျှော်ရမလဲ မေးတတ်ကြပါတယ်။ တချို့ကတော့ တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်စသည့်ဖြင့် လျှော်တတ်ကြသလို့ တချို့ကလည်း နေ့တိုင်းခေါင်းလျှော်တဲ့အကျင့် ရှိကြပါတယ်။ ဒီလိုနေ့တိုင်းခေါင်းလျှော်တာဟာ ဆံသားကိုပျက်စီးစေနိုင်လားလို့ မေးခွန်းထုတ်ကြတဲ့အခါ တခွန်းတည်းဖြေရုံနဲ့ မလုံလောက်ပေမယ့် ဆံသားပေါ်မူတည်ပြီး တချို့ဆံသားတွေကတော့  နေ့တိုင်းလျှော်တာဟာကောင်းတယ်လို့ ကျွမ်းကျင်သူတွေက ပြော ကြားထားပါတယ်။
နေ့စဥ်မိတ်ကပ်လိမ်းပြီးတိုင်း ပြန်ဖျက်ပြီးအသားအရည်ကို ဂရုစိုက်ရသလို အဆီတွေ ၊ အညစ် အကြေးတွေနဲ့ ဆဲလ်အသေတွေကိုဖယ်ရှားဖို့ ဦးရေပြားကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လိုလူတွေက Paraben မပါတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပြီး နေ့တိုင်းခေါင်းလျှော်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁.အဆီပြန်တဲ့ဦးရေပြားပိုင်ရှင်တွေ

ဦးရေပြားမှာရှိတဲ့ အဆီအကျိတ်လေးတွေက ဆံသားကိုကျန်းမာသန်စွမ်းစေပြီး အစိုဓာတ်ကိုထိန်းပေးတဲ့ sebum လို့ခေါ်တဲ့ အဆီတွေကိုထုတ်ပေးပါတယ်။ ဒါပေမယ့် အဆီများလွန်းတဲ့အခါ ယားယံတာတွေ ၊ ဦးရေပြားဗောက်ထတာတွေနဲ့  ဦးရေပြားရောင်ရမ်းခြင်းတွေကို ဖြစ်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ နေ့စဥ် ခေါင်းလျှော်ပေးခြင်းက ပိုနေတဲ့အဆီတွေကိုဖယ်ရှားပေးပြီး ဆံပင်ကို ကျန်းမာသန့်ရှင်းလှပစေပါတယ်။

၂.ကျန်းမာတဲ့ဆံသားပိုင်ရှင်တွေ

ဆံသားကောင်းတဲ့သူတွေဟာ တစ်နေ့ကို တစ်ကြိမ် ဒါမှမဟုတ် တစ်ရက်ခြားတစ်ခါ ခေါင်းလျှော်ဖို့ လိုအပ်တယ်လို့ ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ ဦးရေပြားက အဆီတွေဟာ ဆံသားကောင်းတွေဆီ အလွယ်တကူစိမ့်ဝင်နိုင်ပြီး တခြားဆံပင်အမျိုးအစားတွေထက် အဆီပြန်တာပိုမြန်တာကြောင့်ပါ။

၃.လေ့ကျင့်ခန်းနေ့တိုင်းလုပ်တဲ့လူတွေ

ပြေးတာ ၊ လက်ဝှေ့ထိုးတာ စတဲ့ တခြားပြင်းထန်ထဲ့ လေ့ကျင့်ခန်းတွေ နေ့တိုင်းလုပ်တတ်တဲ့လူဆိုရင်တော့ နေ့တိုင်းခေါင်းလျှော်သင့်ပါတယ်။ ချွေးထွက်အောင်လုပ်ခြင်းက ဆံပင်ကိုအနံ့အသက်ဆိုးစေပြီး ညစ်ပတ်စေတာမလို့ နေ့တိုင်းခေါင်းလျှော်ပေခြင်းဖြင့် ဆံပင်ကိုအနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၄.အပူပိုင်းရာသီဥတုမှာနေထိုင်တဲ့လူတွေ

ပူပြင်းတဲ့ရာသီဥတုနဲ့ စိုထိုင်းဆများတဲ့နေရာတွေက လေ့ကျင့်ခန်းလုပ်တဲ့လူတွေလိုမျိုး ချွေးထွက်များစေတာမလို့ ချွေးနဲ့အဆီတွေကိုစုပုံစေတာကြောင့် သန့်ရှင်းဖို့နဲ့ အနံ့အသက်ကင်းစေဖို့ ခေါင်းလျှော်ခြင်းကို နေ့တိုင်းပြုလုပ်သင့်ပါတယ်။

၅.Styling Products အသုံးများတဲ့လူတွေ

Mousse ၊ ခေါင်းလိမ်းဆီ ၊ Hair Spray နဲ့ Gel တွေကို မကြာခဏသုံးခြင်းကလည်း‌ ဆံပင်ရဲ့ ချွေးပေါက်တွေကိုပိတ်စေနိုင်တာမလို့ နေ့တိုင်းခေါင်းလျှော်သင့်ပါတယ်။