ဆံပင်ကျွတ်လို့စိတ်ညစ်နေတာလား? တစ်နေ့မှာ ဆံပင်ကျွတ်တဲ့အရေအတွက်ဟာ ၅၀ ၁၀၀ ဝန်းကျင်ဆိုရင်တော့ ဒါဟာပုံမှန်ပါပဲနော်။ ဒါပေမယ့်ဆံပင်တွေကျွတ်လို့ ၊ ဆံပင်အရှည်နှေးလို့ဆိုပြီး စိတ်ညစ်နေရပြီဆိုရင်တော့ သင်အသုံးပြုနေတဲ့ခေါင်းလျှော်ရည် ၊ အစားအသောက်တွေကိုပါ ဂရုစိုက်ဖို့လိုလာပါပြီနော်။ ဒါကြောင့် ဆံပင်ကို အရှည်မြန်စေပြီး ကျန်းမာသန်စွမ်းစေလိုတဲ့ မိန်ကလေးတွေအတွက် ဂရုပြုရမယ့် အချက်လေးတွေဖော်ပြလိုက်ပါတယ်နော်။

၁. မကြာမကြာညှပ်ပေးပါ

တကယ်ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကိုလိုချင်ရင်တော့ ဆံပင်အဖျားလေးတွေကို ပုံမှန်ညှပ်ပေးရပါမယ်နော်။ အဖျားလေးတွေညှပ်ပေးတာက ဆံပင်ရှည်တာကို ပိုမြန်အောင် မလုပ်နိုင်ပေမယ့် ဆံပင်နှစ်ခွဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

၂.မှန်ကန်တဲ့အစားအသောက်ကိုရွေးချယ်စားသုံးပါ

ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်မလုံလောက်တဲ့အခါမျိုးဆို ဆံပင်ကျွတ်တာတွေဖြစ်နိုင်ပါတယ်။ ငါး၊ ပဲ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေလို ပရိုတင်းပါဝင်တဲ့အစားအစာတွေက ဆံပင်အတွက် အများကြီး အထောက်အကူပြုပါတယ်နော်။ သင်ဟာ အသားမကြိုက်ဘူးဆိုရင်တောင် ပရိုတင်းဓာတ်များတဲ့ အစားအစာကို ရွေးချယ်စားသုံးဖို့အတွက် လိုအပ်ပါတယ်။

၃.ဖြည့်စွက်စာစားသုံးပေးပါ

တကယ်လို့ သင်စားသုံးနေတဲ့အစားအသောက်နေ လိုအပ်တဲ့အာဟာရ လုံလုံလောက်လောက် မရနိုင်ဘူးဆိုရင်တော့ ဆံပင်၊ အရေပြားနှင့် လက်သည်းများအတွက် ဖော်စပ် ထားတဲ့ ဖြည့်စွက်စာကို စားသုံးဖို့လိုအပ်ပါတယ်နော်။ သူတို့မှာ ဆံပင်ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တဲ့ biotin နဲ့ C နဲ့ B တို့လို အရေးကြီးတဲ့ ဗီတာမင်တွေ ပါဝင် တာကြောင့် ကျန်းမာသန်စွမ်းသောဆံသားအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

၄.ရေဓာတ်ဖြည့်ပေးပါ

မကြာခဏ ခေါင်းလျှော်တာက သင့်ဆံပင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ခေါင်းလျှော်ခြင်းက သင့်ဆံပင်ကို စိမ့်ဝင်စေပြီး သူ့အလိုလို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ “volumizing” သို့မဟုတ် “thickening” ဖြစ်စေတဲ့ ခေါင်းလျှော်ရည် မျိုးကို ရွေးချယ်သင့်ပါတယ်။

၅.အပူလွန်ကဲစွာ သုံးခြင်းကို ရှောင်ကြဥ်ပါ

Dryer အမြဲသုံးတာတွေ ၊ ဖြောင့်စက်နဲ့ကောက်စက် အမြဲအသုံးပြုတာတွေက ဆံသားကိုခြောက်သွေ့ပြီး ပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ မဖြစ်မနေသုံးရမယ်ဆိုရင် လည်း အပူဒဏ်ကိုကာကွယ်ဖို့အတွက် အပူကာပစ္စည်းလေးတွေကို သုံးပေးဖို့တော့ မမေ့ပါနဲ့နော်။