မင်္ဂလာပါ ပျိုမေတို့ရေ။ လက်ကိုင်အိတ်နဲ့ ဘေးလွယ်အိတ်လှလှလေးတွေက ကိုယ့်ရဲ့ဖက်ရှင်ကို တစ်ဆင့်မြှင့်ပေးနိုင်တယ်ဆိုတာ ပျိုမေတို့ လက်ခံကြမယ်ထင်ပါတယ်နော်။ လိုတဲ့ပစ္စည်းတွေထည့်ဖို့ အိတ်တစ်လုံးက မရှိမဖြစ်လိုအပ်သလို Outfit နဲ့လိုက်တဲ့ အိတ်လေးတွေကိုင်တာက လူတစ်ယောက်ရဲ့ တစ်ကိုယ်လုံး ဖက်ရှင်ကိုပိုပြီးပြည့်စုံသွားစေပါတယ်။
K Drama ဇာတ်လမ်းတွဲတွေမှာလည်း မင်းသမီးတွေက ကာရိုက်တာစရိုက်နဲ့လိုက်အောင် အိတ်လှလှလေးတွေကိုပါ ထည့်လွယ်လေ့ရှိတာကို သတိထားမိကြမှာပါ။ တော်တော်များများက ထသွားထလာနဲ့ ပွဲတက်အတွက်ပါ အဆင်ပြေတဲ့ အထက်တန်းဆန်ဆန် ဒီဇိုင်းလေးတွေလွယ်ကြတာ များပါတယ်။ ဒါကြောင့်မို့ အိတ်ဒီဇိုင်းလှတာလေးရှာနေသူတွေ နမူနာယူနိုင်မယ့် K Drama မင်းသမီး အိတ်ဒီဇိုင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
“What’s Wrong With Secretary Kim” ဇာတ်လမ်းတွဲက မင်းသမီး Park Min Young ကိုင်တဲ့အိတ်လေးဖြစ်ပါတယ်။ Outfit အရောင်နုနုလေးတွေ၊ ရုံးတက်ဖက်ရှင်တွေနဲ့လိုက်ဖက်ပြီး ပေ့ါပေ့ါပါးပါးလွယ်လို့ကောင်းမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။
“Goblin” ဇာတ်လမ်းတွဲက မင်းသမီး Kim Go-Eun ရဲ့အိတ်ဖြစ်ပါတယ်။ ဒီလိုအိတ်အမဲလေးက ဒီဇိုင်းရှင်းရှင်းလေးနဲ့ Luxury ဆန်သလို Outfit အရောင်တိုင်းနဲ့လိုက်မယ့် ပုံစံလေးပါ။
“Start Up” ထဲမှာ မင်းသမီး Suzy ကိုင်ခဲ့တဲ့အိတ်လေးဖြစ်ပါတယ်။ Dior တံဆိပ်ဖြစ်လို့ တန်ဖိုးကြီးအိတ်မှန်းသိသာတဲ့အပြင် ပုံစံဆန်းဆန်းလေးနဲ့ ပွဲတိုးစေမယ့်ဒီဇိုင်းလေးပါ။
“It’s Okay To Not Be Okay” ထဲက Ko Moon-yeong ကိုင်ခဲ့တဲ့အိတ်ပုံစံဖြစ်ပါတယ်။ အမဲရောင်နဲ့ Gold တွဲစပ်ထားတဲ့ဒီလိုပုံစံက Classic ဆန်တာမျိုးကို နှစ်သက်တဲ့ Business Woman တွေအတွက် ကွက်တိပါပဲ။
“Vincenzo” ဇာတ်လမ်းထဲက မင်းသမီးရဲ့အိတ်ကလည်း လက်ကိုင်အိတ်ကြိုက်တဲ့သူတွေအတွက် ကိုင်လို့ကောင်းမယ့် ဒီဇိုင်းလေးပါ။ ရုံးသွား၊ ပွဲတက်နှစ်ခုလုံးနဲ့ အဆင်ပြေပါတယ်။
“Hotel De Luna” ထဲမှာ Jang Man-wol ကိုင်ခဲ့တဲ့ အိတ်တွေထဲက ဒီအဖြူဒီဇိုင်းလေးက ကျစ်ကျစ်လေးနဲ့ ဖက်ရှင်အရမ်းကျစေမယ့် ပုံစံလေးလို့ပြောလို့ရပါတယ်။
ဇာတ်လမ်းတွဲတစ်ခုမှာ မင်းသမီး Son Ye Jin ကိုင်ခဲ့တဲ့အိတ်လေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ ထင်းနေစေမယ့် အိတ်ဒီဇိုင်းလေးဖြစ်ပါတယ်။
နောက်ထပ်အရမ်းမိုက်တဲ့ အိတ်ဒီဇိုင်းလေးကတော့ “Itaewon Class” ထဲက မင်းသမီး Kim Da Mi ကိုင်ခဲ့တဲ့ အိတ်လေးဖြစ်ပါတယ်။ ငွေရောင်လေးတွေပါလို့ လူငယ်လည်းဆန်စေမှာပါ။’
“Start-Up” ထဲက ကာရိုက်တာ Seo Dal-mi ရဲ့ ပထမဆုံးရုံးတက်ရက်မှာ လွယ်ခဲ့တဲ့ အိတ်လေးဖြစ်ပါတယ်။ အရောင်ငြိမ်ငြိမ်လေးနဲ့ အရမ်းလှတဲ့ အိတ်ဒီဇိုင်းလေးပါ။
Source: preview.ph