အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်အတူ ဘဝတစ်ခုတည်ထောင်ဖို့ ပေါင်းဖက်ကြတာပါ။ အကျင့်စရိုက်မတူကြတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်ရတာတွေ အလုပ်ကိစ္စတွေ ၊ လူမှုရေးကိစ္စတွေနဲ့မအားလပ်ကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး အချိန်မပေးနိုင် တော့တာ တွေကြောင့် တဖြည်းဖြည်းနဲ့အေးစက်လာတတ်ကြပြီး သဘောထားမတိုက်ဆိုင်မှုကြောင့် တင်းမာတဲ့ အိမ်ထောင်ရေးတွေ ဖြစ်လာကြပါတယ်။ ဒီလိုတင်းမာတဲ့ အိမ်ထောင်ရေးကို ပြန်အဆင်ပြေစေနိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။

အချိန်ပေးပါ

လက်ထပ်ထားတဲ့စုံတွဲတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးခြင်းကလည်း သာယာ ပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေးကိုဖြစ်စေတဲ့ အချက်တွေထဲက အဓိကကျတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ စုံတွဲတွေအနေနဲ့ သမီးရည်းစားဘ၀တုန်းကလိုမျိုး အချိန်ပေးပြီး အတူကုန်ဆုံးတာက ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်အပေါ်မှာထားတဲ့ သံဃောဇဥ်ကြိုးကို ပိုပြီး ခိုင်မြဲစေပါတယ်။

အတူအနားယူပါ

အတူတူအပန်းဖြေခြင်းက စုံတွဲတွေကြား ရင်းနှီးမှုကိုပိုခံစားစေရပြီး စိတ်ငြိမ်သက်မှုကိုလည်း အထောက်အကူပြုတာမလို့ အတူတူရုပ်ရှင်ကြည့်တာ ၊ ခရီးထွက်တာ ၊ မုန့်အတူသွားစားတာမျိုးကို မကြာမကြာပြုလုပ်သင့်ပါတယ်။ ဒါကြောင့် အတူတူအပန်းဖြေခြင်းက ပျော်ရွှင်စရာကောင်းပြီး စိတ်ဖိစီးမှု ကင်းတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်စေပါတယ်။

ကျေးဇူးတင်စကားပြောပေးပါ

“ ကျေးဇူးပြု၍ ” “ ကျေးဇူးတင်ပါတယ် ” ဒီစကားတွေဟာ ကိုယ်တွေရဲ့ လူနေမှုအသိုင်း အဝိုင်းကြားမှာ ပုံမှန်ပြောနေကြစကားတွေဖြစ်ပေမယ့် ကိုယ့်ရဲ့အနီးနားက လူတွေကိုတော့ ပြောဖို့ မေ့နေတတ် ကြပါတယ်။ ကိုယ့်ရဲ့လက်တွဲဖော်အပေါ် ကျေးဇူးတင်စကားပြောခြင်းက ထူးခြားမှုမရှိဘူးလို့ ထင်ကောင်းထင်ရနိုင်ပေမယ့် ဒီစကားလေးပြောပေးခြင်းက ကိုယ့်ရဲ့လက်တွဲဖော်ရဲ့စိတ်မှာ ကျေနပ်မှုကို ခံစားရစေနိုင်တာမို့ ကျေးဇူးတင်ကြောင်းစကားပြောပေးဖို့ မမေ့ပါနဲ့နော်။

အသစ်တစ်ခုကို အတူတူဖန်တီးပါ

သာယာပျော်ရွှင်ပြီး တည်တံ့တဲ့အိမ်ထောင်ရေးကိုတည်ဆောက်ဖို့ ကြိုးစားနေတဲ့စုံတွဲတွေ အနေနဲ့ အသစ်အဆန်းတစ်ခုကို သေချာပေါက် စမ်းကြည့်သင့်ပါတယ်။ board game အတူတူကစား တာမျိုး ၊ လှေလှော်တာ ၊ တောင်တတ်တာမျိုးတွေကို အတူစမ်းကြည့်သင့်ပါတယ်။ လက်တွဲဖော်နဲ့အတူ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာကလည်း ရုပ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကို ခံစားရရှိစေ နိုင်ပါတယ်။

အရေးကြီးတဲ့နေ့တွေကို မှတ်ထားပါ

စုံတွဲတွေကြား အမှတ်တရအသစ်တွေဖန်တီးဖို့ကအရေးကြီးတယ်ဆိုပေမယ့် အမှတ်တရ ဟောင်းတွေကို မမေ့ဖို့ကလည်း အရေးကြီးပါတယ်နော်။ အရေးကြီးတဲ့အမှတ်တရတွေကို မမေ့တာကလည်း စုံတွဲတွေကြား အရေးကြီးတဲ့အချက်ပါပဲ။ ပထမဆုံးစတွေ့တဲ့နေ့ ၊ ပထမဆုံး ချစ်သူဖြစ်တဲ့နေ့ ၊ လက်ထပ်တဲ့နေ့ စတဲ့ အရေးကြီးတဲ့နေ့တွေကို မမေ့ဘဲ အမှတ်တရရှိနေတာကလည်း ပိုမိုကောင်းမွန်တဲ့အိမ်ထောင်ရေးရလဒ်တွေကို ပိုင်ဆိုင် စေနိုင်မှာပါ။ ဒီလိုရက်မျိုးတွေမှာ လက်ဖက်ရည် လေးအတူသောက်ရင်း အမှတ်တရနေ့တွေအကြောင်း ပြန်လည်ပြောဆိုကြတာက စုံတွဲတွေ ကြား ရင်းနှီးမှုကိုပိုစေမှာပါ။