မင်္ဂလာပါခေးတို့ မေမေတို့ရေ။ မေမေတို့လို့ပြောလိုက်တာဟာ ကျောင်းတက်အရွယ် ကလေးတွေရှိကြမယ့် မေမေတွေကိုရည်ညွှန်းတာပါနော်။ ကိုယ့်ရဲ့ သမီးလေး ကျောင်းသွားတဲ့အခါ ဆံပင်ကို အမြဲတမ်းစည်းဖြစ်ပေးတတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း အပြင်တွေ သွားတဲ့အခါမှာလည်း သမီးလေးတွေရဲ့ ဆံပင်ကို ကိုယ်တိုင်စည်းပေး ပြင်ပေးလိုက်ရမှာ စိတ်ထဲမှာကျေနပ်ပြီး ပီတိဖြစ်ကြတဲ့ မိခင်တွေလည်းရှိပါတယ်။ ဒီတခါမှာတော့ ဆယ်ကျော်သက် လူငယ်လေးတွေ၊ ကလေးတွေ အတွက် လွတ်လပ်ပေါ့ပါးပြီးချစ်စရာ ဆံပင်ပုံစံ(၃) မျိုးကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဆံပင်စည်းမယ်

ဆံပင်စည်းတာကို ရိုးရိုးမဟုတ်ဘဲအခုပုံမှာပြထားသလို လှလှလေးစည်းပေးလို့ရတယ်နော်။

အရင်ဆုံး ဆံပင်ကိုခပ်မြင့်မြင့်စည်းလိုက်ပါ။

ပြီးသွားရင်တော့ ဆံပင်ကိုတစ်ဝက်ဆီခွဲလိုက်ပြီး ပထမတစ်ခုကို အရင်ချည်ပေးလိုက်ပါ။

ပြီးရင်တော့ ဆံပင်ကို ခေါင်းစည်းကြိုးအောက်ကနေ ပြန်ပြီး ထည့်ပေးလိုက်ပါ။ အဲဒီအတိုင်း ဆက်ပြီးစည်းသွားပေးပါ။

၂။ ကျစ်ဆံမြီးနည်းနည်းကျစ်ပြီးသိမ်းမယ်

ဆံပင်ကို ဘေးခွဲပြီး ထိပ်ပိုင်းက ဆံပင်နည်းနည်းကိုယူကာ ကျစ်ဆံမြီးနည်းနည်းကျစ်ဆံမြီးကျစ်လိုက်ပါ။ ပြီးရင်တော့ ကလစ်လေးညှပ်ပေးထားလိုက်ပါ။

၃။ သေသေသပ်သပ်လေးနဲ့ ချစ်စရာကောင်းအောင်စည်းမယ်

အရင်ဆုံး ဆံပင်ကိုသေချာဖြီးလိုက်ပါ။ ပြီးရင်တော့ ဆံပင်ဘေးနှစ်ဖက်ကို နည်းနည်းချင်းစီ စုလိုက်ပြီး စည်းပေးလိုက်ပါ။ အခုပုံမှာပြထားသလို လုပ်ပေးလိုက်ရုံပါပဲ။