အလုပ်တာဝန်တွေမေ့ပြီး စိတ်လွတ်လက်လွတ်ပျော်နိုင်တဲ့အချိန်က ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတဲ့ အခိုက်အတန့်တွေပါပဲနော်။ ဒီလိုသူငယ်ချင်းတွေနဲ့အတူ အုပ်စုလိုက်အပြင်သွားတာပဲဖြစ်ဖြစ် ခရီးတစ်ခုခုထွက်တာပဲဖြစ်ဖြစ် အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ Try ကြည့်သင့်တဲ့ Pose Idea လးတွေကို ဒီတစ်ခေါက်မှာ မျှဝေပေးချင်ပါတယ်။ ဒီလိုပုံလေးတွေကမြင်လိုက်တိုင်း ပျော်စရာအချိန်တွေဆီ ပြန်ရောက်သွားသလို ခံစားရတာမို့ သေချာလေးအချိန်ယူရိုက်ပေးတာက မမှားပါဘူး။ ဖော်ပြထားတဲ့အထဲမှာ ပုံမှန်နဲ့ကွဲထွက်ပြီး မြင်တဲ့သူတိုင်းကို ပြုံးသွားအောင် ဆွဲဆောင်နိုင်မယ့် ထူးထူးခြားခြား Pose လေးတွေပါဝင်တာမို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

အချင်းချင်းလက်လေးတွေဆက်ကာ အသည်းပုံလေးတွေပုံဖော်ပြီး ရိုက်ကြည့်ပါ။ အသည်းလေးပေါ်အောင် ဒီလိုပုံလေးတွေကို နမူနာယူနိုင်ပါတယ်။

တစ်ယောက်မျက်နှာပေါ် တစ်ယောက်ထပ်ထားသလို Pose လေးကလည်း လူများများရိုက်လို့ရသလို ဘယ်တော့မှမရိုးပါဘူး။


မျက်မှန်တွေတပ်ပြီးရိုက်ကြည့်ပါ။ ခပ်ချေချေနဲ့အထာကျပါတယ်။

ကြယ်လေးလို ပုံဖော်ပြီးရိုက်တာကလည်း လူငယ်တွေကြား ရေပန်းစားတဲ့ Pose လေးဖြစ်ပါတယ်။


အချင်းချင်းမှီပြီး (သို့) ဖက်ပြီးရိုက်တာကလည်း ကင်မရာထဲမှာ မျက်နှာလေးတွေရှင်းနေစေမှာပါ။


အားလုံးစုပြီး ကင်မရာကိုငုံကြည့်နေတဲ့ Pose လေးလည်းလုပ်ကြည့်ပါ။


ခေါင်းလေးတွေစုပြီး လှဲနေတဲ့ Pose လေးကလည်း ခရီးမှာရိုက်လို့ကောင်းမယ့် ပုံစံလေးဖြစ်ပါတယ်။

အရှေ့အနောက်တစ်ယောက်စီ တန်းစီပြီးရိုက်တဲ့ Pose လေးကလည်း အရမ်းချစ်စရာကောင်းပါတယ်။


မော်ဒယ်တွေကို ခြေထောက်တွေတစ်ယောက်တစ်မျိုး ကားပြီးတော့လည်း Pose အလန်းစားပေးနိုင်ပါတယ်နော်။


ကင်မရာဘက်လှည့်ပြီး ခြေထောက်နဲ့ကန်တဲ့ Pose လေးကလည်း တစ်မျိုးဆန်းပြီး အမှတ်တရဖြစ်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar